Ep(28)

21.1K 1.4K 6
                                    


Unicode

3 months later..

ဦးငြိမ်းစစ် ညစာစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့သည်။သားငယ်မရှိတော့ အိမ်က အရင်လို ပြန်ဖြစ်သွားခဲ့ပြီး သားစစ်ဘုန်းနဲ့လည်း ပိုပြီးအစေးမကပ်တော့ ၊သားအဖနှစ်ယောက် ဆုံတဲ့အချိန်ဆိုလို့ ထမင်းစားချိန် တစ်ချိန်သာရှိသည်။

ဘာလိုလိုနဲ့ သုံးလတောင်ကြာခဲ့ပြီ ၊အခုချိန်ထိသားငယ်ကိုရှာလို့မတွေ့သေး။နယ်တွေဘက် လူလွှတ်ရှာခိုင်းထားသော်လည်း ဒီနေ့အထိ ဘာမှအကြောင်းမထူးခဲ့။ဦးငြိမ်းစစ် သားငယ်ရဲ့ဇာတိကိုလည်း လွန်ခဲ့တဲ့နှစ်လလောက်က သွားရှာခဲ့သေးသည် ၊

သို့သော် အချည်းနှီးသာ သားငယ်နေခဲ့တဲ့အိမ်လေးကိုသာ တံခါးပိတ်လျက်တွေ့ခဲ့ရသည်။သားငယ်ထွက်သွားတဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ အတွင်းရေးမှူးဆီက အစည်းဝေးမှာ ရှယ်ယာရှင်တွေ စောင့်နေကြောင်း ဖုန်းဆက်တာကြောင့် သားငယ်နောက်ကို မလိုက်နိုင်တော့။အဲ့ဒီနေ့ကသာ သူလိုက်သွားခဲ့ရင် ဆိုတဲ့နောင်တက အခုထိ နှိပ်စက်နေခဲ့သည်။

ဘယ်မှာများ သွားနေနေလဲ..သားငယ်ရယ်..အဖေဖြင့် စိတ်ပူလှပြီ..

"အကိုလေး..ဒေါ်စန်းချက်ထားတဲ့ ဟင်းမကြိုက်လို့လား..အကိုလေးစားချင်တာရှိရင် ပြောလေ..ဒေါ်စန်းချက်ပေးမယ်"

ထမင်းစားပွဲဝင်ထိုင်ပြီး ငူငိုင်နေတဲ့ အကိုလေးကြောင့် ဒေါ်စန်း မနေနိုင်ပဲ ဝင်မေးရတော့သည်။

"မဟုတ်ဘူး..ဒေါ်စန်း..ဟင်းတွေက အဆင်ပြေပါတယ်..သားငယ်အကြောင်း တွေးမိသွားလို့..ဘာမှမဖြစ်ဘူး"

ကိုလေးလည်း သားငယ်လေးပျောက်သွားပြီးနောက်ပိုင်း မျက်နှာကတော်တော်ချောင်ကျသွားသည် ၊ဒီကြားထဲ သားစစ်ဘုန်းနဲ့အဆင်မ​ပြေတော့ အကိုလေးခမျာ တော်တော်အထီးကျန်နေရှာမှာ။

"ဒေါ်စန်း..သားလည်း စားမယ်လေ..သားကိုထမင်းထည့်ပေးဦး"

စစ်ဘုန်း ခုံကိုဆွဲ၍ ဝင်ထိုင်လိုက်တော့ အဖေ့မျက်လုံးတွေက ဒေါသအရောင်ချက်ချင်းပြောင်းသွားသည် ၊ဒါတွေကလည်း အခုမှမဟုတ် နေ့တိုင်းဖြစ်နေကျ ဟိုအရှုပ်ထုတ်ထွက်သွားပြီးကတည်းက ဆိုပါတော့။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now