Ep(8)

19.5K 1.5K 34
                                    


Unicode

စစ်ဘုန်းဟိုငရှုပ်ကိုဘုတောပြောပြီးနောက် အခန်းတံခါးကို တမင်ဆောင့်ပိတ်ပြီးဝင်လာခဲ့သည်။အဖေက အိမ်မှာပေးနေယုံတင်မဟုတ် companyမှာပါ အလုပ်လုပ်စေချင်နေသည်။
သူကတော့ ဖြစ်နိုင်ရင် နွေလင်းသန့်ဆိုတဲ့ ငရှုပ်ကောင်ကို သူ့ဇာတိကိုပဲပြန်စေချင်သည်။တဖြည်းဖြည်းနဲ့ အလုပ်အထိပါနေရာယူလာတာ တကယ်ပင်ကြည့်မရတော့။ဘာပဲဖြစ်ဖြစ် သူအဖေ့အလုပ်ကို ဝင်လုပ်တဲ့တနေ့ကျရင် အလုပ်
ထုတ်ပစ်ပြီး အိမ်ခွဲနေခိုင်းရပေမည်။

စစ်ဘုန်း ရေချိုးခန်းဝင်ပြီးနောက် မွေ့ယာပေါ် ခြေပစ်လက်ပစ် လှဲချမိသည်။တစ်နေ့လုံး အလုပ်ကြောင့် ပင်ပန်းထားတာရော ငရှုပ်ကိုစျေးလိုက်
ဝယ်ပေးရတာပါ ပေါင်း၍ခေါင်းအုံခဲပြီး တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုဖြစ်နေသည်။

Ring..Ring..Ring..

ဖုန်းမြည်လာတာကြောင့် စစ်ဘုန်းလှဲနေရာမှ ထကိုင်ရင်းကြည့်လိုက်ရာ ကိုယ့်အမောပြေ ရွှေစင်ရဲ့ ဖုန်းဖြစ်နေတာကြောင့် ပင်ပန်းတာတွေတောင်
မေ့လျော့သွားလေသည်။

"ဟဲလို..ချစ်"

"မောင်..နေမကောင်းဘူးလား အသံကတစ်မျိုးဖြစ်နေသလိုပဲ"

"ဟင်..အင်း ကောင်းပါတယ် ချစ်ရဲ့ ဒီနေ့ ကိုယ့်အလုပ်မှာ ခေါင်းစားစရာလေးနည်းနည်းရှိသွားလို့ပါ"

"ချစ်ရော..ဘယ်လိုလဲ အဲ့မှာအဆင်ပြေရဲ့လား
ဦးလေးနဲ့အဒေါ်ရော နေကောင်းလား"

"ကောင်းတယ် မောင်..အဖေတောင် မနေ့ကရွှေစင်တို့အကြောင်းကို မေးနေသေးတယ် ဘယ်တော့လပ်ထပ်မှာလဲတဲ့"

"အော်..ပြောလိုက်လေကွာ ကိုယ်တို့နောက်နှစ်ကို စဥ်းစားထားတယ်လို့"

"မောင် ပြောတာတော့လွယ်တယ်..အခု ရွှေစင်ကဒီမှာ shopping mallတစ်ခုကိုဆောက်ပေးဖို့ တာဝန်ယူထားရတယ်..ဒီအဆောက်ဦးပြီးတဲ့အချိန်ဆို နောက်နှစ်တောင် အဆင်ပြေပါ့မလား
မသိဘူး..ရွှေစင်က လပ်မထပ်ခင်တော့ အလုပ်
လုပ်ချင်သေးတယ်"

"အလုပ်ရှိနေတော့လည်း ဦးစားပေးရမှာပေါ့ ကိုယ်နားလည်ပါတယ်..ဒါပေမယ့် အလုပ်ပြီးရင်တော့ ဒီကိုအမြန်ပြန်လာခဲ့နော်..ကိုယ်အရမ်းတွေ့ချင်နေပြီ"

အမုန်းလွန်သော်(m- preg)(Completed)Место, где живут истории. Откройте их для себя