Ep(14)

18.1K 1.4K 21
                                    


Unicode

စစ်ဘုန်း အရှုပ်ထုတ်ကို သင်တန်း ပို့ပြီးနောက် ဆိုင်ကို မောင်းလာခဲ့သည်။ဆိုင်ရောက်တော့ မနက်ပိုင်းမို့ စားတဲ့သူ သိပ်မရှိသေး တစ်ဝိုင်းနှစ်ဝိုင်းလောက်သာ ရှိသေးတာမို့ ဆိုင်ရှေ့က ကားပါကင်မှာပဲ စစ်ဘုန်းကားကိုထိုးရပ်လိုက်သည်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ဝိုင်နံ့သင်းသင်းနဲ့ classicတေးဂီတ သံစဥ်တို့က ငြင်သာစွာလွင့်ပျံ့နေပြီး မီးရောင် အပြာနုနုက စိတ်ကိုငြိမ်သက်စေသည်။
ထူးခြားသည်က ဆိုင်လေးရဲ့ထောင့်တိုင်းမှာ အလှမွေးရွှေငါးရောင်စုံ ထည့်ထားတဲ့ မှန်ပုံးအကြည်တို့က ဆိုဒ်စုံနေရာယူထားခြင်းပင်။ထို့ကြောင့် စစ်ဘုန်းရဲ့ Pleasure: Bar&Restraunt ဆိုင်လေးက လူငယ်တွေကိုသာမက ကလေး လူကြီး အကြိုက်တွေ့စေသည်။ညဘက်ဆိုရင်တော့ အတွင်းပိုင်းကျတဲ့ အခန်းကျယ်တွင် မီးရောင်စုံတလက်လက်နှင့် လူငယ်များ ပျော်ရွင်စွာ ကခုံနေတာကို တွေ့နိုင်လေသည်။

စစ်ဘုန်း အလုပ်ခန်းထဲ ဝင်မည်အလုပ် မန်နေဂျာကိုဖြိုး အလုပ်သမားတွေညွှန်ကြားနေရာမှ စစ်ဘုန်းအနားရောက်လာလေသည်။

"ဆရာ..အခန်းထဲမှာ ဆရာ့သူငယ်ချင်းတစ်ယောက် ရောက်နေတယ်...ရောက်နေတာတော့ တော်တော်ကြာနေပြီ ဆရာ့ကိုဖုန်းမဆက်နဲ့ဆိုလို့
ကျွန်တော် ဒီအတိုင်းထားလိုက်တာ"

မနက်စောစီးစီး ဘယ်သူပါလိမ့် ဟိန်းဇေကလည်း
ဘန်ကောက်မှာ companyဖွင့်ထားတာ ဒီကိုရောက်လာစရာအကြောင်းမရှိဘူး

စစ်ဘုန်း တံခါးလက်ကိုင်ကို ဖွင့်ဝင်လိုက်တော့ စစ်ဘုန်းကို ကျောခိုင်း၍ ဆိုဖာမှာထိုင်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။နောက်ကျောဘဲမြင်ရတာကြောင့် ဘယ်သူမှန်း ခန့်မှန်းလို့မရ ပိုဆိုးသည်က Hoodieအနက်ရောင်ကို ခေါင်းစွပ်ထားသောကြောင့်ပင်။

"ဟာ..နိုင်ကြီး မင်းရောက်လာပြီပေါ့..မင်းကွာ ဆိုင်ရှင်ကလည်း နေဖင်ထိုးမှ လာရလားကွ..ငါ့မှာတော့ စောင့်လိုက်ရတာ အမြစ်တွယ်တော့မယ်"

စစ်ဘုန်း သိလိုက်ပြီ ဒီအသံ ဘယ်လောက်ပဲ ရုပ်ဖျက်ဖျက် ဒီကောင့်အသံကို ခွေးချီသွားရင်တောင် မှတ်မိလေသည်။

အမုန်းလွန်သော်(m- preg)(Completed)Unde poveștirile trăiesc. Descoperă acum