Ep(35)

23.6K 1.2K 19
                                    


Unicode

အနည်းငယ် ဟနေတဲ့ မောင်တို့အခန်းကို ခဏတာရပ်ကြည့်ပြီးနောက် အနည်ထိုင်နေသော ဒေါသစိတ်တို့က အသစ်တဖန် ပေါ်ပေါက်လာပြန်သည်။

ဟင်း..ဟင်း..နင်က သိပ်ကိုကံကောင်းနေတယ်ပေါ့..လင်းသန့်..အေး..ကံကောင်းတယ်ဆိုတာလည်း တစ်ခါပဲရှိစေရမယ်..နောက်တခါဆို နင့်ကလေးကို ဆုံးရှုံးစေရမယ်..

"လင်းငယ်..ကိုယ်ဒီနေ့တဝက်တော့ ကုမ္ပဏီက အပြီးသတ်ရမယ့် အလုပ်ကိစ္စလေးတွေ သွားလုပ်လိုက်ဦးမယ်..ကိုယ်နေ့လည်လောက်တော့ပြန်ရောက် မယ်..တကယ်လို့ နောက်ကျခဲ့ရင် လင်းငယ် ထမင်းချိုင့်လာမပို့နဲ့တော့..ကိုယ် အပြင်စာပဲဝယ်စားလိုက်​ေတာ့မယ်"

"ကိုကို..လင်းငယ်အတွက်နဲ့တော့ ကုမ္ပဏီကို ပစ်မထားပါနဲ့..ကိုကို လင်းငယ်ကို အပြင်မထွက်စေချင်ရင်လည်း လင်းင​ေေအိမ်ထဲမှာပဲနေမယ်လေ..နော်..လင်းငယ်ကြောင့် ကိုကို့ ကိုဝန်မပိစေချင်ဘူး"

စစ်ဘုန်းကို မော့ကြည့်၍ လူကြီးလေးတစ်ယောက်လို သူ့အတွက်စဥ်းစားပေးနေတဲ့ လင်းငယ်ကို အသည်းယားလာပြီး ပါးဖောင်းဖောင်းလေးကို တစ်ချက်ဆွဲညစ်လိုက်ကာ..

"အင်း..ကိုယ်ပြောတာသေချာနားထောင် လင်းငယ်..အခုချိန်မှာ ဦးစားပေးစဥ်းစားရမှာက ကိုယ်မဟုတ်ဘူး..ကိုယ်​ပြောတာသိလား..ပထမဆုံး ဂရုစိုက်ရမှာက လင်းငယ်ကိုယ်တိုင်ပဲ..ပြီးတော့ ကိုယ်တို့သားလေးပေါ့..လင်းငယ်ကိုမနေ့ကလို အဖြစ်မျိုးထပ်မဖြစ်စေချင်တော့ဘူး..ဒါကြောင့် လင်းငယ်ကို ကိုယ်အနီးကပ်စောင့်ရှောက်ပေးချင်လို့ ကုမ္ပဏီအလုပ်တွေကို အိမ်ကနေ ညွှန်ကြားဖို့ ဆုံးဖြတ်လိုက်တာ..ဒါကြောင့် လင်းငယ်က ဝန်တစ်ခုဖြစ်နေတယ်ဆိုပြီး စိတ်ညစ်မနေနဲ့တော့ နော်..ဝက်ပေါက်လေး"

"ဟီး..ကိုကိုကလေ လင်းငယ်စိတ်ချမ်းသာအောင် သိပ်ပြောတတ်တာပဲ..အပြောကောင်း"

"ဟား..ဟား..မဟုတ်ပါဘူးကွာ..ကိုယ်ဝက်ပေါက်လေး စိတ်ရှင်းသွားအောင် ကိုယ်က သေချာပြောပြတာပါ..ကဲ..ဒါဆို ကိုယ်သွားတော့မယ်..အိမ်မှာပဲနေနော်..ဘယ်မှမသွားနဲ့..တစ်ခုခုလိုရင် ကိုထူးကိုဝယ်ခိုင်းလိုက်"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now