Ep(41)*Final

35K 1.1K 26
                                    


Unicode

ရက်သတ္တပတ်ကို ကျော်လွန်ခဲ့ပြီး သာယာသော မနက်ခင်းလေးတစ်ခုမှာတော့ လင်းနဲ့ကိုစစ်ရဲ့ အချစ်တွေနဲ့ တည်ဆောက်ထားတဲ့ သီးသန့်ကမ္ဘာငယ်လေးထဲကို ကံကောင်းလေး ဝင်ရောက်လာခဲ့လေပြီ ၊ရာသီဥတုလေးကလည်း သာယာနေသလို ဆေးရုံအပြင်ဘက် သစ်ကိုင်းပေါ်က ငှက်ကလေးတွေလည်း ကျီကျီကျာကျာနဲ့ လင်းတို့ရဲ့ အဖိုးတန်လူသားလေး မွေးဖွားလာသည်ကို ကြိုဆိုနေကြသည်။

မနက် အာရုံတက်ချိန် လေးနာရီလောက် မှာခွဲခန်းဝင်ခဲ့တာကြောင့် မနက်ရှစ်နာရီ နေသာချိန်မှာ လင်း မေ့ဆေးအရှိန်ပြယ်ပြီး နိုးလာခဲ့သည်။
သတိရလာသည်နှင့် ပထမဆုံး မြင်ရသည်က ဆေးရုံမျက်နှာကြက် အဖြူ ပြီးတော့ လင်းရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတာ ခံစားမိတာကြောင့် ဘေးကို ကြည့်လိုက်တော့ လင်းကို နှစ်လိုလက်ရပြုံးပြနေတဲ့ ကိုစစ်။

"လင်းငယ်..သတိရလာပြီလား..ဗိုက်ကချုပ်ရိုးက တော်တော်နာနေလားဟင်..ကိုယ့်ဝက်ပေါက်လေး"

"အင်း..နည်းနည်းပါ..ကိုကို ကလေးလေးရောဟင်..ကျန်းမာရေးကောင်းရဲ့လား"

"ကံကောင်းလေးက..လင်းငယ်ရဲ့ ညာဘက်ခြမ်းမှာလေ..ဟိုမှာ ပုခက်လေးထဲမှာ အိပ်ပျော်နေတယ်..ကိုယ်ခေါ်လာပေးမယ်"

ပုခက်လေးထဲမှာ အိပ်မောကျနေတဲ့ ကံကောင်းလေးကို သာသာလေး ပွေ့ချီပြီး နောက် မှီထိုင်နေတဲ့ လင်းငယ်လက်ထဲ ထည့်ပေးလိုက်တော့..

"အင့်..ချစ်စရာ ကောင်းလိုက်တာ..ကိုကိုရယ်..နောက်ဆုံးတော့ လင်းငယ်တို့ဘဝထဲ သားလေးရောက်လာခဲ့ပြီ..အင့်"

ဂွမ်းလုံးလေးလို ဖြူစွတ်ပြီး လက်သေးသေးလေးနှစ်ဖက် ဆုပ်ကာ နူတ်ခမ်းလေးထော်ပြီး အိပ်ပျော်နေတဲ့ ကံကောင်းလေးကို ပွေ့ချီလိုက်ရတဲ့ တခဏ အမည်ဖော်မရတဲ့ ပျော်ရွင်မှုပီတိကို ခံစားမိလေသည်။

"​ေဩာ်..ကိုယ့်လင်းငယ်ကလည်းကွာ..ကလေး လေးကျနေတာပဲ..မငိုနဲ့...တိတ်..တိတ်.."

"ဟီး..ပျော်လို့ငိုတာပါ..ကိုကိုရဲ့.."

"အင်း..ကိုယ်လည်း အရမ်းပျော်တယ်..ကိုယ့်ကို ပျော်ရွင်စရာကောင်းတဲ့ မိသားစုဘဝလေး လက်ဆောင်ပေးတဲ့ လင်းငယ်ကိုလည်း..ကိုယ်ကျေးဇူးအရမ်းတင်တယ်..ချစ်တာထက်ပိုပါတယ် ကိုယ့်ဝက်ပေါက်လေးရယ်"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now