Ep(20)

20.8K 1.3K 48
                                    


Unicode

"ဒီ..ဒီ...ဒီ"

"ဟယ်လို..ရွှေစင်ပြော"

ရာဇမာန် ကုမ္ပဏီရဲ့ လချုပ်စာရင်းစာရင်းတွေစစ်နေတုန်း ရွှေစင်ဆီမှဖုန်းဝင်လာခြင်းပင်။

"ဘယ်လိုလဲ..ရာဇ..ငါခိုင်းထားတဲ့ ကိစ္စအဆင်ပြေလား"

"အင်း...မပြေသေးဘူးပဲ ပြောရမှာပေါ့"

"ဘာလဲဟ..နင့်စကားက ငါ့ကိုရှင်းအောင်ပြောစမ်းပါ"

"ဒီလိုဟာ..တနေ့က အဲ့ဒီကောင်လေးကို ဖမ်းဖို့ ငါ့တပည့်တစ်ယောက်ကို လွှတ်လိုက်တယ်..ဒါပေမယ့်..ကားက မီးပွိိုင့်မိနေတုန်း သူကဆင်းပြေးသွားတာ မမိလိုက်ဘူး"

"ဟာ..နင့်တပည့်ဆိုတဲ့အကောင်က တော်တော်အသုံးမကျတာပဲ..ဒီဟာလေးတစ်ခုကိုတောင် အဖြစ်ရှိအောင်မလုပ်နိုင်ဘူး"

"ဟေ့..ဟေ့ အမိ..ငါ့လူကို အဲ့လိုပြောဖို့မလိုဘူးထင်တယ်နော်..ဒီကကောင်က မေတ္တာရှေ့ထားပြီး ကူညီပေးတယ်ဆိုတာလည်း သတိရဦး"

"နင့်လက်အောက်မှာ အရည်ချင်းရှိတဲ့လူပဲထားတယ်ဆိုတာ ငါသိတယ်နော်..ရာဇ..ဒီလိုလွတ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး..နင်ငါ့ကို တစ်ခုခုဖုံးကွယ်ထားတယ်မလား"

"အော်..ခက်နေပါပြီ..ငါက နင့်ကိုလိမ်လိုက်လို့ ဘာရမှာမလို့လဲ..တကယ်လွတ်သွားတာပါဆို..ပြီးတော့ ငါဖုံးကွယ်တယ်ထားတယ် ပြောရအောင် အဲ့ဒီကောင်လေးက နင့်အတွက် ဘယ်လောက်တောင်အရေးပါနေလို့လဲ..ငါကြည့်ရတာတော့ သာမန်ပါပဲ..နင်နဲ့ရန်ငြိုးရှိနေတာရော ဟုတ်ရဲ့လား"

"ဒီမှာ..ရာဇ နင်ကငါခိုင်းတာကိုတော့ ဖြစ်မြောက်အောင်မလုပ်နိုင်ပဲနဲ့..ငါ့ကိုလာပြီး မေးခွန်းတွေလာမထုတ်နဲ့..နင်မလုပ်နိုင်ဘူးဆို ဘေးဖယ်နေလိုက်တော့..ဒီကိစ္စမှာ နင်ပက်သက်စရာအကြောင်းမရှိတော့ဘူး!!"

တီ...

ရာဇ မပြောမဆိုနဲ့ ချသွားတဲ့ဖုန်းမျက်နှာပြင်ကို
ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်သည်။

ဟက်...နောက်ဆုံးတော့လည်း ငါပြောတာနင်ယုံလိုက်ရတာပဲ..ရွှေစင်..မကြာတော့ပါဘူး..နင့်ကောင်ရဲ့အချစ်စမ်းပွဲကို ကြည့်ရတော့မှာပါ..ဟား..ဟား..

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now