Ep(19)

18.9K 1.3K 23
                                    


Unicode

"တောက်!!!"

"ရွှေစင်..ရွှေစင် နင်ကငါ့ကို တော်တော်လျိုထားတာပဲ..နင်သတ်ခိုင်းတဲ့ကောင်လေးက ငါ့ရဲ့ရန်သူတော်ကြီးနဲ့ ပက်သက်မှုတစ်ခုခုတော့ ရှိရမယ်..ဟက်..နင်က ငါ့ကိုလျှော့တွက်ထားတာပဲ"

ရာဇမာန် ဂိုဒေါင်ဘက် ပြန်အလာ ခစားတို့လူတစ်စု ရုတ်ရုတ်သဲသဲဖြစ်နေတာကို လှမ်းမြင်လိုက်၍ သူတို့အနားကို သွားမည်အလုပ် လဲကျနေတဲ့ ကောင်လေးကိုပွေ့ထားတဲ့ သူရဲ့မတွေ့ရတာကြာပြီဖြစ်သော ရည်းစားလုဘက် စစ်ဘုန်းနိုင်ကို စိုးရိမ်စိတ်တွေ ပြည့်နေတဲ့ မျက်နှာနဲ့ တွေ့လိုက်ရလေသည်။ထို့ကြောင့် ရွှေစင်ဦးရဲ့ လျှို့ဝှက်ချက်ကို သိချင်တာကြောင့် စစ်ဘုန်းနိုင်တို့ကို လွှတ်ပေးဖို့ ခစားကိုဖုန်းနဲ့အမိန့်ပေးလိုက်လေသည်။သူတို့ သုံးယောက်ရဲ့ပက်သက်မှုကို စုံစမ်းခိုင်းရမယ် ၊သူ့စိတ်ထဲက ထင်နေတဲ့အတိုင်း ဖြစ်နေရင်တော့..သူ့အတွက် အကျိုးမြတ်တစ်ခုရနိုင်ဖွယ် ရှိလေသည်။

ခစား ဟိုနှစ်ကောင်ကို လွှတ်ပေးလိုက်ပြီးနောက် ရာဇ ခစားဆီကိုဖုန်းထပ်ဆက်ပြီး သူ့ကို လာတွေ့ခိုင်းလိုက်သည်။

"ဒေါက်..ဒေါက်"

"ဆရာ..ကျွန်တော်ရောက်ပြီ"

မင်းခစား ရာဇရဲ့ ပြိုင်ကားအနီလေးရဲ့ တံခါးကိုခေါက်၍ ဆရာ့ကိုအသိပေးပြီးနောက် ဆရာ့ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။

"ခစား..ငါမင်းကို စုံစမ်းခိုင်းစရာရှိလို့."

"ပြောပါ..ဆရာ ကျွန်တော် ဘာစုံစမ်းပေးရမလဲ"

"ငါခုနက ဖမ်းခေါ်ခိုင်းတဲ့ကောင်လေးနဲ့ လာကယ်တဲ့အကောင် သူတို့နှစ်ယောက်ရဲ့ပက်သက်မှုကို ငါသိချင်တယ်..အဲ့ဒါ ကကြီးကအအဆုံး မင်းစုံစမ်းပြီး ငါ့ကိုတင်ပြရမယ်..ဖြစ်နိုင်ရင် မင်းအခုလုပ်တာကို ဘယ်သူမှမသိစေနဲ့..အဓိကက ဟိုနှစ်ယောက် ရိပ်မိသွားတာကို မလိုချင်ဘူး"

"ဟုတ်ကဲ..ဆရာ..ကျွန်တော် ဒီတစ်ပတ်အတွင်း အမြန်ဆုံး စုံစမ်းပေးမယ်"

"အိုကေ..ရပြီ..မင်းသွားတော့"

မင်းခစား ကားပေါ်က ဆင်းသွားပြီးနောက် ရာဇရဲ့ မျက်နှာမှာ ရက်စက်တဲ့ အပြုံးတို့က နေရာယူသွားလေသည်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now