Ep(24)

18K 1.2K 8
                                    


Unicode

July 15/2020

ဒီနေ့က လင်းရဲ့မွေးနေ့ဖြစ်တာ​ကြောင့် မနက်စောစောထဖြစ်သည်။ဘုရားမသွားဖြစ်ပေမယ့် အိမ်ကဘုရားမှာပဲ သောက်တော်ရေလဲ ၊ဆီမီး ပန်း ရေချမ်းကပ်ပြီး ဘုရားရှိခိုး၍ ကုသိုလ်ယူလိုက်သည်။

ထို့နောက် ကြီးစန်းကို မနက်စာကူပြင်ပေးဖို့ အောက်ထပ်ဆင်းသွားတော့..

"သားငယ်...ဒီနေ့တော့ အစောကြီးနိုးနေပါလား..သားအားရင် အဖေ့ဆီခဏလာခဲ့ပါဦး"

လင်း ထမင်းစားခန်းနားအရောက် ဧည့်ခန်းထဲမှ အဖေ့ခေါ်သံကြားတာကြောင့် ​ခြေလှမ်းတွေဧည့်ခန်းဘက်ဦးတည်လိုက်သည်။ထို့နောက် အဖေမျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်တော့ အဖေကဖတ်လက်စသတင်းစာကိုချ၍...

"သားငယ်...ရော့..အဖေဒါလေး ပေးချင်လို့..သားကိုစောင့်နေတာ"

အဖေက ကားသော့တစ်ခုကို မှန်စားပွဲတွင်တင်ပြီး လင်းထိုင်နေသည့်ဘက်သို့ ရွေ့ပေးရင်း ပြောလာသည်။

"အဖေ...ဒါက.."

"သားကို အဖေ မွေးနေ့လက်ဆောင်ပေးတါ..သားလက်ခံလိုက်နော်"

"ဟင်..မွေးနေ့လက်ဆောင်..ဟို..မဟုတ်တာ..သားမယူပါရစေနဲ့..အဖေရယ်..အဖေပေးချင်ရင် တခြားတန်ဖိုးနည်းတဲ့ဟာ ပေးပါနော်..ဒီဟာက သားအတွက် တန်ဖိုးများလွန်းနေတယ်"

"ယူလိုက်ပါ..သားရယ်..အဖေ ဝယ်ပေးချင်​ေနတာကြာပြီ..အခု သားမွေးနေ့ဆိုတော့ အမှတ်တရဖြစ်သွားအောင် တခါတည်းဝယ်ပေးလိုက်တာ..ကိုယ့်ကားနဲ့ကိုယ်ဆို..သားကို အဖေစိတ်မပူရတော့ဘူးပေါ့..ပြီးတော့ နောက်လဆို သားကအလုပ်ဝင်ရတော့မှာလေ..ကားနဲ့ဆိုရင် သား အလုပ်မှာပိုအဆင်ပြေတာပေါ့ မကောင်းဘူးလား"

".........."

"ကဲပါ..သားငယ်ရယ်..သော့ကိုသိမ်းထားလိုက်တော့ ပျောက်သွားဦးမယ်..ကားမောင်းသင်တာကတော့ သားအကို အားတဲ့နေ့တွေမှာ သင်ခိုင်းပေါ့..ကဲ..အခုတော့ အဖေ သားကိုနေရာတစ်ခုကို ခေါ်သွားမလို့..သွား..အဝတ်စားသွားလိုက်လဲ..သားအကိုတောင် အဆင်သင့်ဖြစ်နေလောက်
ပြီ"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now