Ep(36)

22.3K 1.2K 2
                                    


Unicode

စစ်ဘုန်းသည် လင်းငယ်ကို ကုတင်ပေါ် အသာယာထိုင်စေပြီးနောက် ရေချိုးခန်းဘက် ထွက်လာလိုက်သည်။တနေ့တာ ပင်ပန်းသမျှ ရေနဲ့အတူမျှောချပြီးနောက် တဘတ်ပိုင်းကို ခါးမှာပတ်၍ အခန်းထဲ ပြန်ဝင်လာတော့ လင်းငယ်က ဖုန်းကိုလက်က ကိုင်ထားပြီး မွေ့ယာပေါ်မှာ ပုံ့ပုံ့လေး အိပ်ပျော်နေလေသည်။

လင်းငယ်ထုတ်ပေးထါးတဲ့ တီရှပ်အဝါကို ကောက်စွပ်လိုက်ပြီး အိမ်နေရင်း ချည်သားဘောင်းဘီအပွလေးကို ဝတ်ဆင်လိုက်ပြီးနောက် အိပ်ပျော်နေတဲ့ လင်းငယ်ကို နိူးဖို့ မွေ့ယာပေါ် ထိုင်ချလိုက်သည်။

လင်းငယ်က အိပ်ပျော်နေတာတောင် ချစ်စဖွယ်ကောင်းလှသည် ၊နဂိုပါးဖွေးဖွေးလေးတွေက ပိုပြီး ဖြူနုလာပြီး သွေးကြောစိမ်းလေးတွေ မြင်ရသည်အထိ ပြည့်ဖောင်းနေတာ မွေးကင်းစကလေးငယ်လေးတွေ ပါးလေးတွေ တစ်ရစ်ထွက်နေသလိုဖြစ်နေတာကြောင့် ဆွဲကိုက်ပစ်ချင်စိတ်က တဖွားဖွာပေါ်ပေါက်လာသည်။

အခုလည်းကြည့် အိမ်နေရင်း အက်ျီအကွက်စိပ် ဝမ်းဆက်လေးနဲ့ နူတ်ခမ်းလေးဆူပြီး အိပ်နေတာ အသည်းစရာကောင်းလှသည် ၊အက်ျီက ဆိုဒ်အကြီးဆုံး ဝတ်ထားတော့ ကိုယ်လုံးလုံးလေးက နစ်ဝင်နေတယ် ပြီးတော့ ပူဖောင်းနေတဲ့ ဗိုက်ကလေးက လှဲအိပ်နေတော့ အက်ျီစအောက်က တစွန်းတစ ထွက်ပေါ်နေလေသည်။

စစ်ဘုန်း တစ်ယောက် လင်းငယ်ရဲ့ ဗိုက်ပူလေးကို အသည်းယားလာတာကြောင့် အက်ျီလေးကို အသာမတင်၍ ဗိုက်ပူလေးကို နူတ်ခမ်းလေးနဲ့ ဖွဖွထိတွေ့မိသည်။

"အင်..ဟင်.."

စစ်ဘုန်း အနမ်းဖွဖွကြောင့် ယားလို့ထင် ၊ပက်လက်အိပ်နေရာမှ ယောင်သံလေးပေးပြီး တစ်ဖက်လှည့်အိပ်ပြန်သည်။

"လင်းငယ်...လင်းငယ်..ညရောက်မှ ဆက်အိပ်ကွာ..နော်..ထပါ..လင်းငယ်က လိမ္မာပါတယ်..ထ..ညနေစောင်းအိပ်ရင် လင်းငယ်ဖျားမှာစိုးလို့.."

"အင်း...ဝါး..အင်း..လင်းငယ် အိပ်ပျော်သွားတာပဲ..ကိုကို ဗိုက်ဆာနေပြီလား..လင်းငယ် သွားပြင်လိုက်မယ်လေ"

သူနိူးလိုက်တော့ မျက်လုံးကို အတင်းပွတ်သပ်ပြီး အိပ်မှုန်စုံမွှားနဲ့ ထထိုင်ပြီး မေးလေသည်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now