Ep(15)

19.9K 1.4K 17
                                    


Unicode

လင်း ဆိုင်ထဲကထွက်လာတော့ ကိုစစ်ကားကို သင်တန်းရှေ့မှာ ရပ်ထားတာတွေ့လိုက်တာကြောင့် ခပ်သွက်သွက်လျှောက်လိုက်သည်။ကိုစစ်ကားနားရောက်တော့ ကားတံခါးလက်ကိုင်ကို ဆွဲဖွင့်တော့ တံခါးကပွင့်မလာခဲ့။

ကိုစစ်လော့ဖွင့်ပေးဖို့ မေ့နေတာဖြစ်မယ် ၊ကိုစစ်ကြည့်လိုက်တော့ လင်းဖက်ကိုတစ်ချက်လှည့်မကြည့်သည့်အပြင် မျက်နှာကလည်းနီရဲနေပြီး တစ်ခုခုကို အလိုမကျဖြစ်နေသည့်ဟန်။

"ဒေါက်..ဒေါက်.."

"ကိုစစ်..ကိုစစ် လင်းကိုတံခါးဖွင့်ပေးဦးလေ..ကိုစစ်"

"ဒေါက်..ဒေါက်"

လင်း ကားမှန်တံခါးကိုခေါက်ပြီး တံခါးဖွင့်ပေးဖို့ပြောနေသော်လည်း ကိုစစ်က မဖွင့်ပေးဘဲ ရှေ့တည့်တည့်သာကြည့်နေပြီး စိတ်နဲ့ကိုယ်နဲ့မကပ်သ
လိုပင်။ခုနက တိတ်နေသည့်မိုးကလည်း ပြန်ရွာဖို့ အရှိန်ယူနေလေပြီ ၊ မကြာခင် မိုးသည်းလာတော့မည်ထင်သည်။

ထိုစဥ် ကိုစစ်ရဲ့ကားက ရုတ်တရတ် မောင်းထွက်သွားပြီး လင်းနဲ့မနီးမဝေးမှာ ရပ်သွားလေသည်။
ကိုစစ် လင်းကို ဘာမကျေနပ်ချက်တွေ ရှိနေပြန်ပြီလဲမသိ ၊လင်းလည်း ဘာအပြစ်မှမလုပ်ထားမိပါဘူး။

ကိုစစ်ကားရပ်သွားတဲ့နေရာကို လင်းမြန်မြန်လျှေက်ပြီး လိုက်ရပြန်သည်။ထိုခဏ မည်းမှောင်နေတဲ့ မိုးကလည်း အငြိုးနဲ့ရွာချလာတော့သည်။လင်း လွယ်အိတ်ထဲက ထီးအပြာလေးကို ထုတ်ဆောင်းရင်း ကိုစစ်ကားရဲ့ဘေးကို ရောက်သွားလေသည်။

"ကိုစစ်..ဘာဖြစ်နေတာလဲ..လင်းကို တံခါးဖွင့်ပေးပါ..မိုးက တအားသည်းလာပြီ"

"ဝေါ...ဝရော..ဂျိမ်း.."

အခုမိုးထပ်ရွာတာ လေပြင်းတွေပါ တိုက်လာသည့်အပြင် လျှပ်စီးလက်ပြီး မိုးခြိမ်းသံတွေပါ ကြားလာရသည်။ထီးဆောင်းထားတယ် ဆိုပေမယ့် လေကအရှေ့ကတိုက်နေတာကြောင့် လင်းအောက်ပိုင်းတစ်ခုလုံး မိုးရေတွေ ရွဲလာတော့သည်။ကိုစစ်ကို ကြည့်တော့လည်း တစ်ချက်လေးတောင် တုတ်တုတ်မလှုပ်။

မနက်ကတည်းက ကိုယ်ငွေ့ရှိသေးတာနဲ့
အခု မိုးရေနဲ့ပေါင်းပြီး လင်းတစ်ကိုယ်လုံး တုန်လာတော့သည်။အဖျားက ပြန်တက်လာပြီထင်တယ် ၊မိုးရေထဲမှာ ရပ်နေရတာ တစ်နာရီခန့် ရှိလာတာကြောင့် ခြေထောက်တွေလည်း အေးစက်ပြီး ရပ်နေဖို့ အားမရှိတာကြောင့် ကိုစစ်ကားဘေးမှာ ငုတ်တုတ်ထိုင်ပြီး ကားတံခါးဖွင့်လာမယ့် အချိန်ကို စောင့်နေလိုက်တော့သည်။

အမုန်းလွန်သော်(m- preg)(Completed)Dove le storie prendono vita. Scoprilo ora