Ep(31)

23.3K 1.3K 18
                                    


Unicode

ဒီနေ့ဆိုရင် လင်းနဲ့ကိုစစ်လပ်ထပ်တာ သုံးလပြည့်တဲ့နေ့ ၊ကိုစစ်က အရင်လို လင်းအပေါ်ကို စကားကြမ်းတွေ မသုံးနူန်းတော့ပေမယ့် သူစိမ်းဆန်မှုလေးကတော့ အနည်းငယ်ရှိနေဆဲ။

လင်းဘက်ကတော့ အစားသောက်ကစ အဝတ်အစားအဆုံး လိုအပ်တာမရှိရအောင် ​​​ဖြည့်ဆည်းပေးထါးသည်။ကိုစစ်နဲ့ နှစ်ယောပ်တည်း နေမှ သိလာရတာက ကိုစစ်က အစားသောက်နဲ့ပက်သက်ပြီး ဇီဇာကြောင်သည်။

လင်းကို တမင်ရွဲ့ပြီး လုပ်နေတာလား မသိပေမယ့် လင်းချက်ပေးတဲ့ ဟင်းမှန်သမျှ ဆီများလို့ ပေါ့လို့ ငံလို့ ဟူသော ဝေဖန်ချက်တွေ ကြားနေရတာ နေ့စဥ်နဲ့အမျှ မရိုးနိုင်ပေ။ကြီးစန်းက လင်းတို့နဲ့ လိုက်နေမယ် စီစဥ်ထားသော်လည်း ကိုစစ်က လက်မခံခဲ့ ၊အဖေနဲ့အတူ တရားစခန်းလိုက်ဝင်စေသည်။ထိူ့ကြောင့် ဒီအိမ်ရဲ့ ကိစ္စအဝဝကို လင်းတစ်ယောက်တည်းတာဝန်ယူထားရသည်။

"ကိုစစ်..ထတော့လေ..ကိုစစ်..ဒီမနက် အစည်းအဝေးရှိတယ်ဆို"

"အင်း..ထမယ်..ငါးမိနစ်ပဲ"

အဲ့ဒီလို ငါးမိနစ်လို့ပြောပြီး ပြန်အိပ်သွားတာ ခုဆို နာရီဝက်လောက်ရှိနေပြီ။အိမ်က ကုမ္ပဏီနဲ့နီးလို့သာ တော်တော့သည်။အစည်းဝေးက ရှစ်နာရီဆိုတော့ အခုခုနှစ်နာရီ ခွဲနေပြီ ၊ မနိူးလို့ မဖြစ်တော့ နောက်ကျသွားရင် လင်းပဲ အပြစ်ပြောခံရမှာ သေချာသလောက်ပင်။

"ကိုစစ်..ခုနှစ်နာရီ ခွဲနေပြီနော်..ဟိုမှာ ရှယ်ယာရှင်တွေ စောင့်နေရဦးမယ်"

"ဘာ...ခုနှစ်နာရီ ခွဲပြီ ဟုတ်လား..မင်း ဘာလိူ့ငါ့ကိုမနိူးတာလဲ..နောက်ကျလို့မရတာ သိရဲ့သားနဲ့"

"ဟင်..လင်း ကိုစစ်ကို ခုနှစ်နာရီတည်းက နိူးနေတာလေ..ကိုစစ်ပဲ ငါးမိနစ်ဆိုပြီး ပြန်အိပ်သွားပြီးတော့များ..လူကို အပြစ်လာပြောနေတယ်"

"မင်း အခုတလော..ငါ့ကိုပြန်ခံ​ပြောနေတာ များပြီနော်..အလျော့ပေးထါးလို့ ရောင့်တက်မလာနဲ့..နွေလင်းသန့်..​ေဩာ်..ပြီးတော့ ငါပြောလိုက်ရင် အဲ့ဒီနူတ်ခမ်းကိူလည်း ဆူဆူမထားနဲ့..တနေ့တခြားဝက်နဲ့တူလာလို့"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now