Ep(26)

20.6K 1.3K 23
                                    


Unicode

2:00 AM/(........)hotel

"အ.."

လင်း အိပ်ရာက ရုတ်တရတ်ထလိုက်တော့ ခေါင်းကရိပ်ခနဲမူးသွားသည်။မျက်လုံးကို အရင်မဖွင့်ဘဲ
ခေါင်းကို လက်နဲ့အုပ်ကိုင်ထားရင်း အိပ်ရာပေါ် ခြေချထိုင်လိုက်သည်။လက်ကနာရီကြည့်လိုက်တော့ လက်တံအတိုက နှစ်ကိုညွှန်ပြနေသည်။

ငါ..ညက ဝိုင်တွေသောက်ပြီး အိပ်ပျော်သွားတာဖြစ်မယ်..ဒီဝိုင်ကလည်း ထူးဆန်းလိုက်တာ..အခုထိ ရီဝေဝေဖြစ်နေတုန်း...

"အား...ပူတယ်...အင်း.."

"ဟင်...ဘာ..ဘာအသံလဲ"

နောက်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်နှင့် အိပ်ရာပေါ် လူးလိမ့်နေသည့် ကိုစစ်ကြောင့် လင်းရဲ့ တစ်ကိုယ်လုံးအေးခဲသွားပြီး ခေါင်းမူးနေတာလည်း ကြက်ပျောက်ငှက်ပျောက်။

"ဟင်..ကိုစစ်က ဘယ်လိုလုပ်ငါ့အိပ်ရာပေါ်ရောက်နေတာလဲ"

အိပ်ရာဆိုမှ အိပ်ရာခင်းကိုမျက်စိရောက်သွားလေသည်။ဒီအိပ်ရာက လင်းရဲ့အိပ်ရာ မဟုတ်သည့်အပြင် လင်းတို့နှစ်ယောက်ရှိနေတဲ့ အခန်းကလည်း အိမ်က အခန်းအပြင်ဆင်မဟုတ်။တီဗီထဲမှာ မြင်ဖူးသည့် ဟော်တယ်အခန်းတခုနှင့် တူနေသည်။

ကုတင်ပေါ်ကဆင်းပြီး အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ လင်း ထင်နေတဲ့အတိုင်း ဟော်တယ်အခန်းတစ်ခုပင်။မျက်နှာချင်းဆိုင် အခန်းတွေကို တံခါးပိတ်လျက်သာ တွေ့ရပြီး ညနက်နေပြီမို့ လူသွားလူလာမရှိတော့။

ဒီထက်ပိုပြီး ထူးဆန်းတာက သူတို့နှစ်​ယောက်ကိုယ်ပေါ်မှာ bathrobeအဖြူတစ်ထည်သာရှိနေပြီး ပါတီပွဲတုန်းက အဝတ်စားတွေ ရှာမတွေ့တော့ခြင်း။

"ငါတို့က ဒီကို ဘယ်လိုရောက်လာတာလဲ..မဟုတ်မှ..ကိုစစ်ခေါ်လာတာလား....ဟာ..မဖြစ်နိုင်တာ..မနေ့က..စဥ်းစားစမ်း..နွေလင်းသန့်"

"မနေ့က...ဟုတ်တယ်..ငါတို့ နှစ်ယောက်လုံးမူးနေတာ..ပြီးတော့...ခုံပေါ်မှောက်သွားပြီး..အဲ့ဒီနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး..ဒါဆို ဒီကို ဘယ်သူခေါ်လာတာလဲ.."

လင်း ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သော်လည်း အဖြေမထွက်တာကြောင့် ကိုစစ်ကို နိူးဖို့ပြင်လိုက်သည်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now