Ep(37)

22.8K 1.2K 18
                                    


Unicode

စစ်ဘုန်းသည် ကဗျာနဲ့တွေ့ပြီး အပြန်လမ်းတွင် ရွှေစင်ဦးကိုသတ်ပစ်ချင်သည့် ခံစားချက်က တဖွားဖွားပေါ်ပေါက်နေသည်။ခြောက်နှစ်ကျော်လောက် တွဲလာခဲ့တဲ့ကာလပတ်လုံး ရွှေစင်က သိမ်မွေ့ညင်သာပြီး သူ့အပေါ်ကြင်နာတဲ့ မိန်းကလေးတစ်ယောက်ဟု စစ်ဘုန်းမှတ်ယူထားခဲ့တာ အခုတော့ အခြားလူတစ်ယောက်လို ဘယ်အရာတွေက ရွှေစင့်ကို ပြောင်းလဲစေခဲ့သလဲ။

အပြစ်မဲ့တဲ့လူနှစ်ယောက်ရဲ့ အသက်ကို ထိခိုက်စေဖို့ ကြံစည်ရသည်အထိ ဘယ်လိုအငြိုးတေးတွေကများ ရွှေစင်ဦးကို လူသတ်သမားတစ်ယောက်အဖြစ် တွန်းပို့နေသလဲဆိုတာ စစ်ဘုန်းတွေးလို့ကိုမရတော့ ၊

သူမ ဒုက္ခရောက်နေတာကြောင့် သူ့အရိပ်မှာ ခိုဝင်ခဲ့စေပေမယ့် သူမကတော့ လောကထဲရောက်မလာသေးတဲ့ ကိုယ့်သွေးသားကိုပါ သတ်ပစ်ချင်နေတာတဲ့ ဟင့်အင်း ဒီလိုတော့ စစ်ဘုန်း အဖြစ်မခံနိုင်ဘူး လက်စားချေဖို့ကြံရွယ်နေတဲ့ ရွှေစင်ဦးနဲ့ဇာတ်လမ်းကို သူယတိပြတ် ဆုံးဖြတ်မှရတော့မည် ။ မိန်းကလေးမို့ အလျော့ပေးပြီးငြိမ်ခံနေရင် လင်းငယ်ရဲ့အသက်အန္တာရာယ်ထိပါ ခြိမ်းခြောက်လာနိုင်သည်မို့ သူတစ်ခုခု လုပ်မှရတော့မည်။

်စစ်ဘုန်း ကားကိုခြံထဲကွေ့ဝင်လိုက်တော့ မောင်ထူးက တံခါးလာဖွင့်ပေးသည်။အိမ်အဝင်ဝ လှမ်းကြည့်တော့ တွေ့နေကျ အမောပြေလေးကိုမတွေ့ ၊သူပြန်ရောက်ချိန်က နေ့လည့်မို့ ဝက်ပေါက်လေး တစ်ရေးအိပ်နေတာပဲ ဖြစ်ရမယ်။

အခန်းတံခါးကို အသာလေးဖွင့်ကြည့်လိုက်တော့ သူထင်တဲ့အတိုင်းပဲ မွေ့ယာအခင်းကြီးထဲမှာ ခြေကားယား လက်ကားယားအိပ်ပျော်နေတဲ့ သူ့ဝက်ပေါက်လေး။သူ့​ကြောင့် နိုးသွားမှာစိုးတာကြောင့် အခန်းထဲမဝင်တော့ဘဲ စာကြည့်ခန်းထဲသာ ဝင်လာခဲ့လိုက်သည် ၊ညီမလေး ကဗျာသံသယဝင်နေတဲ့ ကားအက်ဆီးဒင့်ကိစ္စကို စစ်ဆေးဖို့ cctvမှတ်တမ်းပြန်ကြည့်ရဦးမည် ဖြစ်တာကြောင့် စာကြည့်ခန်းထဲမှာပဲ အဝတ်လဲပြီး တံခါးကို လော့ချထားလိုက်သည်။

လင်းငယ် ကားအက်စီးဒင့်ဖြစ်တဲ့နေ့ရဲ့အရင်တစ်ရက်ကို နှိပ်လိုက်ပြီး မနက်အချိန်ကစပြီး မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကို အသေချာစူးစိုက်ကြည့်နေလိုက်သည်။ပထမရက်ရဲ့ မနက်ခင်းမှာတော့ ဘာမှအထွေထူးသိပ်မတွေ့ရပေ ၊မောင်ထူးက သူ့ကားကို ရေဆေးတယ် ၊ သူကုမ္ပဏီသွားတော့ လင်းငယ်ကို နူတ်ဆက်ပြီး ကုမ္ပဏီသွားတယ်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now