Ep (39)

22.9K 1K 36
                                    

Unicode

စစ်ဘုန်း တစ်ယောက် ရာဇမာန် ကုမ္ပဏီကနေ ပြန်ထွက်လာပြီး အိမ်ပဲတန်းပြန်လာခဲ့သည် ၊အခုမှပဲ စိတ်တွေ လွတ်လပ်ပေါ့ပါးသွားတော့တယ် သူအလာတုန်းက ကြောက်လန့်နေတဲ့ လင်းငယ်လေးကို မနည်းချော့သိပ်ခဲ့ရတာမို့ သူပြန်ရောက်တဲ့အချိန်ဆို နိုးနေလောက်ပြီ သူအိမ်က ထွက်လာတာ ညရှစ်နာရီမို့ လင်းငယ်လည်း ဗိုက်ဆာနေလောက်ပြီ။

လက်ကနာရီကြည့်တော့ ဆယ်နာရီကို ညွှန်ပြနေသည် ၊လမ်းမှာလည်း ကားအသွားလာ နည်းသွားပြီး လမ်းမီးတိုင် အကူညီနဲ့ပဲ ကားကိုဖြေးဖြေးချင်း မောင်းလာလိုက်သည် ၊ထို့နောက် လမ်းခုလတ်မှာ လင်းငယ် အကြိုက် မာလာရှမ်းကောကို အစပ်လေးလျော့ပြီး တစ်ပွဲဆင်းဝယ်လိုက်သည် ၊သူကြိုက်တဲ့ အစားသောက်တွေ့ရင် ဖြစ်သွားမယ့် ဝက်ပေါက်ရုပ်ကလေးကို မြင်ယောင်ပြီး တစ်ယောက်တည်း ပြုံးမိသွားသေးသည်။

"တီ..တီ"

ကားဟွန်းကို နှစ်ချက်ဆင့်တီးလိုက်တော့ မောင်ထူးက ခြံတံခါးလာဖွင့်ပေးသည် ၊ကားကို ဆင်ဝင်အောင်ရပ်ထားလိုက်ပြီး ဖော့ဘူးထည့်ထားတဲ့ အထုပ်ကိုဆွဲဲပြီး လင်းငယ်ရှိရာ အိပ်ခန်းဆီ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

စစ်ဘုန်း အိပ်ခန်းနားအရောက် မီးဖိုခန်းထဲက အသံကြားတာကြောင့် ထမင်းစားခန်းဘက်ဦးတည်လျောက်သွားလိုက်တော့..

တွေ့ပါပြီ ဗိုက်ကလေးကို လက်တစ်ဖက်ကထောက်ပြီး သူ့ကိုနောက်ကျောပေးကါ ချက်ပြုတ်
နေတဲ့ ဝက်ပေါက်လေး။

မာလာရှမ်းကော အထုပ်ကိုစားပွဲပေါ် တင်ထားလိုက်ပြီး ဟင်းချက်နေတဲ့ လင်းငယ်အနောက်ကနေ ပုခုံးကို ဖက်ထားလိုက်တော့..

"အွန်..ကိုကိုတောင် ပြန်လာပြီ..ဗိုက်ဆာနေပြီလား..လင်းငယ်လည်း စောစောကမှနိုးလို့ ခေါက်ဆွဲကြော်လေး ထကြော်တာ"

မီးဖိုခလုတ်ပိတ်ပြီး သူ့ဖက်ကို လှည့်ကာ ခေါင်းတလုံးသာနေတဲ့ စစ်ဘုန်းကို မော့ကြည့်၍ ပြောလာသည်။

"လင်းငယ်လေး..ကိုယ့်အတွက်ဆိုရင် လင်းငယ်ပင်ပန်းစေမယ့် အလုပ်ဘာမှမလုပ်ပါနဲ့လား..ဟင်..အခုလည်းကြည့်ဦး ဗိုက်က လေးနေတော့ လင်းငယ်ပင်ပန်းနေပြီမလား"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now