Ep(27)

20.9K 1.3K 27
                                    


Unicode

လင်း ဟိုတယ်ကထွက်လာတော့ အပြင်မှာမိုးရွာနေတာနှင့်တိုးသည်။မိုးက သိပ်မသည်းသေးပေမယ့် မကြာခင် မိုးသက်လေပြင်းကျတော့မည်ဟန်။

ဟိုတယ်ကထွက်လာကတည်းက bathrobeတထည်ပဲ ဝတ်ထားတာ​ကြောင့် လမ်းသွားလမ်းလာတွေက စူးစမ်းသလို ကြည့်လာကြသည်။

ထို့နောက် ဟိုတယ်နဲ့ခပ်ဝေးဝေးရောက်လာရင်း လမ်းက taxiတစီးကို တားလိုက်သည်။

အခုလို ဒုက္ခရောက်နေချိန် လင်းရဲ့မိဘတွေ အနားမှာရှိနေသေးရင် သိပ်ကောင်းမှာပဲဟု တွေးရင်း မျက်ရည်ကကျလာပြန်သည်။

"ဟို..လူလေး..ဦးကြီး..ဘယ်ကိုပို့ပေးရမလဲ"

"အင့်..ဟုတ်..ဦးလေး.သားကိုတစ်ခုလောက်ကူညီပါလားဟင်"

"ပြောလေ..လူလေး.ဦးကြီး ဘာလုပ်ပေးရမလဲ"

"သားကို ဖုန်းတကောလောက် ခေါ်ခွင့်ပြု ပါနော်..ဟို..အကြာကြီးမပြောပါဘူး..ခဏပဲ"

"ရတယ်..လူလေး..ရော့.."

Taxiသမား ဦးကြီးရဲ့ဖုန်းကို ယူပြီး ထူးမြတ်ရဲ့ဖုန်းကို ခေါ်လိုက်သည်။

"ဟယ်လို.."

"ထူး..ထူးမြတ်..ငါ ပါ."

"ဟမ်..ဟေ့ကောင်..လင်းသန့်..ဘယ်သူ့ဖုန်းနဲ့ခေါ်နေတာလဲ..ငါက ဖုန်းစိမ်းဆိုပြီး မကိုင်ပဲထားမလို့"

"ဟုတ်တယ်..ထူးမြတ်..ငါ ကိုစစ်နဲ့ကတောက်ကဆဖြစ်ပြီး..အိမ်ပေါ်ကဆင်းလာတာ..အင့်..ငါအခု ဘယ်သွားရမှန်းမသိဘူး"

"ဟာ..အဲ့ဒါဆို..မင်းအခုဘယ်ရောက်​ နေတာလဲ..လေတိုးသံတွေ ကြားနေရလို့"

"ငါ..အခု taxiပေါ်မှာ..ဖုန်းကလည်း taxiဦးလေးကြီးရဲ့ဖုန်း..ငါခဏငှားပြောတာ"

"အင်း..ဒီလိုလုပ်..လင်းသန့်..မင်းသွားစရာမရှိရင်ငါ့ဆီမှာလာနေလိုက်"

"မင်း မိဘတွေကို အားနာတယ်..ထူးမြတ်ရ..ငါ
.နေစရာအဆောင်ပဲ ဖြစ်ဖြစ် ရှာကြည့်လိုက်ပါ့မယ်..မင်းကိုလည်း အားနာလို့"

"လင်းသန့်..မရှည်နဲ့..အခု ဖုန်းကို taxiဦးလေးကြီးကို ခဏပေးလိုက်..ငါလိပ်စာ​ပြောမလို့"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now