Ep(10)

21.5K 1.5K 12
                                    


Unicode

လင်းအိမ်ကထွက်လာတာ ဆယ်နာရီထိုးနေပြီမို့ ထူးမြတ်တို့ဆီအရင် ဖုန်းခေါ်ပြီးပြောရလေသည်။ကိုယ့်တစ်ယောက်တည်းကို စောင့်နေရတာကြောင့် သူငယ်ချင်းတွေဆိုပေမယ့် အားနာမိလေသည်။

"ဟယ်လို..ထူးမြတ် ငါကိစ္စလေးတစ်ခုရှိနေလို့ နောက်ကျသွားတယ်ကွာ..အခုတော့လာနေပြီ ခဏတော့စောင့်ပေးနော်"

"ဟုတ်တယ်..ငါကိုင်ဖို့အဆင်မပြေလို့ ရောက်မှအကြောင်းစုံပြောပြမယ်နော်..ကားလာနေလို့ ငါချလိုက်တော့မယ်"

သူတို့ချိန်းထားတဲ့ ကော်ဖီဆိုင်လေးရောက်ဖို့ဆို ဆယ့်ငါးမိနစ်လောက် Ybsကားစီးပြီးမှ ရောက်တာကြောင့် လင်း မှတ်တိုင်မှာကားစောင့်နေခြင်းပင်။

မိနစ်နှစ်ဆယ်လောက်ကားစီးပြီးနောက် ထူးမြတ်တို့နဲ့ချိန်းထားတဲ့ ကော်ဖီဆိုင်ရောက်လေသည်။Dreamဆိုတဲ့ကော်ဖီဆိုင်လေးရဲ့ ထောင့်ကျတဲ့ဝိုင်းတွင် ထူးမြတ်ကကျောခိုင်းထိုင်​နေပြီး ကဗျာကမျက်နှာချင်းဆိုင်တွင် ဖုန်းသုံးနေတာကို လှမ်းမြင်လိုက်တာကြောင့် လင်းခပ်သွက်သွက်လေးလျှောက်ပြီး ထူးမြတ်ဘေးတွင်ဝင်ထိုင်လိုက်လေသည်။

"ဟား..နောက်ဆုံးတော့ရောက်လာပြီပေါ့..လင်းသန့်ရာ မင်းကိုစောင့်ရတာလည်း ငါတို့ပျင်းသေတော့မယ်"

"ဆောရီးပါကွာ..အိမ်မှာ ကိုစစ်ခိုင်းတဲ့အလုပ်လေးတွေလက်စသတ်နေတာနဲ့ နည်းနည်းနောက်ကျသွားတယ်"

"ဟယ်..မားရဲ့သားလေး မျက်နှာလည်းမကောင်းပါလား နေမကောင်းဘူးလား ကြင်နာတတ်တဲ့ semeတစ်ယောက်တော့ ရှာပေးရတော့မယ်ထင်တယ်"

"ဟာ..ကဗျာမရာ..နင့်ရောဂါကထလာပြန်ပြီ..ငါတို့နှစ်ယောက်ကို ယောက်ျားရှာပေးမယ့်အစား နင်သာFAဘဝက ကျွတ်အောင်လုပ်စမ်းပါ"

"Noပါ..မားရဲ့သားလေးရယ်..မားကရည်းစား
ထားဖို့အချိန်မရှိသေးဘူး..shipperလုပ်ပြီး နင်တို့ကို semeရှာပေးရမယ့်တာဝန်ရှိသေးတယ်"

"အေးပါဟာ..နင်တစ်ယောက်နဲ့တော့ တကယ်မလွယ်ဘူး..တနေ့တနေ့ blကားထဲက မင်းသားတွေကို shipလိုက်..wpဖတ်လိုက် အဆင်လိုက်ငမ်းလိုက်နဲ့ ..သေချာတယ် နင်ကတော့ ငှက်ပျော
ပင်စိုက်ရတော့မယ်"

အမုန်းလွန်သော်(m- preg)(Completed)حيث تعيش القصص. اكتشف الآن