Ep(4)

22.4K 1.7K 7
                                    


Unicode

ဦးငြိမ်းစစ် ရန်ကုန်ကနေမောင်းလာရင်း နေ့လည်နှစ်နာရီလောက်တွင် သန်လျင်မြို့ထဲကို ရောက်လေသည်။သီရိနွယ်ရေးထားတဲ့ လိပ်စာအရဆို ကံသာရွာကိုရောက်ဖို့ အနည်းငယ်မောင်းရဦးမည်ထင်သည်။ကျေးရွာအုပ်စုတွေဘက်ရောက်လာတော့ လမ်းဖြောင့်တစ်လျှောက် စိမ်းစိမ်းစိုစို လယ်ကွက်များနှင့် တဲအိမ်သေးသေးလေးများကို ဟိုတစ်ကွက် သည်တစ်ကွက်မြင်ရလေသည်။ဦးငြိမ်းစစ်ကားလေးသည် ရွာအမည်အမျိုးမျိုးတပ်ထားသော ဆိုင်းဘုတ်သုံးလေးခုကို ကျော်လွန်လာပြီးနောက် လမ်းတစ်ချိုးအရောက်တွင် စာလုံး အဖြူနှင့်ရေးထားသော ကံသာရွာဆိုင်းဘုတ်လေးကို တွေ့ရလေသည်။

ဦးငြိမ်းစစ်လည်း လမ်းညွှန်မြှားပြထားသော မြေနီလမ်းထဲသို့ ကွေ့ဝင်ရင်း ရွာဝင်လမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ကားကိုရပ်လိုက်ပြီး ရွာထဲကို လမ်းလျှောက်ဝင်ရန်သာဆုံးဖြတ်လိုက်သည်။လမ်းကအနည်းငယ်ကြမ်းပေမယ့် ကားနဲ့ဝင်သွားရင် ရွာခံတွေစိတ်အနှောင့်အယှက်ဖြစ်မှာစိုး​သောကြောင့်ပင်။ရွာထဲဝင်လာရင်း ရေနံဂျီးသုတ်ထားသော ခြေတံရှည်အိမ်ကြီး၏ မြေတလင်းတွင် တံမြက်စည်းလှည်းနေသော အဒေါ်တစ်ယောက်ကို တွေ့တာကြောင့် သီရိရဲ့အိမ်ကိုမေးဖို့ ခြံထဲဝင်လာခဲ့လိုက်သည်။

"အဟမ်း..ဒီကအစ်မကြီးခင်မျ..ကျွန်တော်အိမ်လေးမေးချင်လို့ပါ"

တံမြက်စည်းလှည်းနေသော အမျိုးသမီးက ဦးငြိမ်းစစ်အသံကြားသည်နှင့် နောက်လှည့်ကြည့်လာလေသည်။

"အော်..ဧည့်သည်ထင်တယ်..လာ..ထိုင်ဦးလေကွယ်"

"ဟို..ကျွန်တော် မထိုင်တော့ဘူးခင်မျ..ဒီရွာက သီရိနွယ်နဲ့အောင်မျိုးတို့လင်မယားအိမ်ကို သိရင် ကျွန်တော့ကို လမ်းညွှန်ပေးလို့ရမလား"

ထိုအမျိုးသမီးလမ်းညွှန်တဲ့အတိုင်းဆက်လျှောက်လာရင်း ဓနိမိုးထားသော အိမ်ငယ်လေးရှေ့ကိုရောက်လာခဲ့လေသည်။ဦးငြိမ်းစစ် အိမ်ရှေ့ကွပ်ပျစ်လေးနားတွင်ရပ်ရင်း မှောင်ရိပ်ကျနေသောအိမ်ငယ်လေးထဲကို မျှော်ကြည့်မိသည်။ထိုအချိန်တွင် ဒေါ်စန်းအရွယ်လောက်ရှိသော အမျိုးသမီးတစ်ယောက် အနားရောက်လာလေသည်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now