အိပ်ခန်းရဲ့ စာကြည့်စားပွဲမှာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ အသက်လတ်ပိုင်း လူတစ်ယောက်။ အခန်းတွင်းမှာ
မီးရောင်တွေက အနည်းငယ် မှိန်နေပြီး ဝါကျင့်ကျင့်
မီးအိမ်ကတော့ စာကြည့်စားပွဲတစ်ဝိုက်ကို လင်းထိန်စေတယ်။ဖွင့်ထားတဲ့ ပြတင်းပေါက်ကတဆင့် လေအေးတွေက တိုက်တယ်။ လိုက်ကာအညိုတွေကတော့ ဝေ့၀ဲလို့....။
ခန့်မှန်းရခက်တဲ့ ဒီလောကထဲ စာထိုင်ဖတ်နေတဲ့
အဲ့ဒီလူက ချောင်းရိုက်ခံရလိမ့်မယ်လို့ ဘယ်တွေးမိမလဲ....။သွေးတွေနဲ့ လဲကျသွားတဲ့ အဲ့လူရဲ့ ဘယ်ဘက်ပါးမှာ ခပ်ကြီးကြီး
မှဲ့တစ်လုံးရှိတယ်....။တဆစ်ဆစ်နဲ့ ကိုက်ခဲနာကျင်နေတဲ့ ဦးခေါင်းက ခံစားမှုနဲ့အတူ အဲ့လူ နိုးထလာပြီးချင်း သိရတာက
သူရောက်နေတာ သူ့အိမ်မဟုတ်ဘူး။ထိုင်ခုံတစ်ခုံမှာ ထိုင်ရက်အနေအထားနဲ့ ကြိုးတုပ်ခံထားရတယ်။ လှုပ်လို့ မရလောက်အောင်ပဲ။
သူက ကတ်ကြေးအချွန်တစ်ခုကို လက်ချောင်းဖြူဖြူလေးတွေနဲ့ လှည့်ရင်း ထွက်လာတယ်။
" မင်း....ဘယ်သူလဲ "
တပ်ထားတဲ့ အနက်ရောင် Mask ကို ချွတ်ပြလိုက်တော့ အဲ့လူက ဟာခနဲဘဲ.....။
" Surprise! !! "
" မင်း ငါ့ကို ဘာလို့ဒီလိုလုပ်ထားတာလဲ....
ငါထင်သားပဲ မင်းက Psycho ကောင်ဆိုတာ
မင်း ဘာလိုချင်လို့လဲ ပြော....လွှတ်ပေး ငါ့ကို.."" ကျစ်....စောက်ရမ်းစကားများတာပဲ....
ဘယ်လိုလုပ်မလဲ ကျွန်တော်က နားညီးမခံနိုင်လို့.."လက်ထဲက လှည့်နေတဲ့ ကတ်ကြေးအချွန်ကို အဲ့ဒီလူရဲ့
လည်ပင်းထိုးစိုက်လိုက်တော့ ကျိုးကျသွားတဲ့ အဲ့ဒီလူရဲ့
ဇက်...။ သွေးတွေက အဲ့ဒီလူရဲ့ အင်္ကျီအဖြူနဲ့ သိပ်လိုက်တာပဲ။" ဘာအရောင်ကြိုက်လဲ.....ပန်းရောင်လေးနဲ့ လိုက်မယ်ထင်တယ်...ဟား..ဟား..."
အံဆွဲတစ်ခုတည်းမှာထည့်ထားတဲ့ အပ်ချည်လုံးတွေထဲက
ပန်ုးနုရောင်အပ်ချည်လုံးကို နှိုက်ယူလိုက်တယ်။ ခပ်ကြီးကြီး
အပ်တစ်ချောင်းက မပါမဖြစ်။