Chapter 26 ( Unicode )

4.5K 503 13
                                    

တိတ်ဆိတ်နေတဲ့ မြေအောက်ခန်းက အေးစက်စက်လေထုထဲ လေချွန်သံတစ်ခုက တိုးတိုးလေး။ အဖြူရောင် မီးသီးတွေ ထွန်းထားတဲ့ အဲ့ဒီ မြေအောက်ခန်းရဲ့ အလယ်နားက သံခုတင်တစ်ခုမှာ အပိုင်းပိုင်းပြတ်နေတဲ့
အလောင်းတစ်လောင်းက ရုပ်ပျက်ဆင်းပျက်နိုင်စွာနဲ့ ရှိနေတယ်။

သွေးတွေပေနေတဲ့ ဓားတိုတစ်ချောင်းကို ဘေးစားပွဲပေါ်တင်လိုက်ရင်း ရိပေါ် သူ့လက်က သွေးတွေကို အဝတ်တစ်ခုနဲ့ သုတ်လိုက်တယ်။

သူ့အကြည့်တွေက လွန်ခဲ့တဲ့မိနစ်က အသက်မဲ့သွားတဲ့ လူဆီမှာ ....။

" ခင်ဗျားက နောက်ဆုံးပဲ....ချန်း "

ရိပေါ်က ခပ်ဟိုက်ဟိုက် ရယ်ပြီး ထွက်သွားတော့ အေးစက်စက်မြေအောက်ခန်းက ပြန်တိတ်ဆိတ်သွားတယ်။

သေဆုံးပြီးသား ချန်းရဲ့ ဝိဉာဉ်ကတော့ ဒီနေရာကို တစ်ယောက်တည်း လာခဲ့မိလို့ နောင်တရနေကောင်း ရနေလိမ့်မယ်။

လဲကျနေတဲ့ ရှောင်ကျန့်ကို မြင်တော့ အထိတ်တလန့်ဖြစ်သွားတဲ့ ချန်းက ရုတ်တရက် တိုက်ခိုက်ခံရမယ်လို့ မတွေးခဲ့မိဘူး ....။ သူ့လည်ပင်းဆီ ဓားတစ်ချောင်း တိုးဝင်မလာခင် အချိန်ထိ။

........

တစ်ချိန်လုံး ကျောင်းဝတ်စုံနဲ့ရှိနေခဲ့တဲ့ ရိပေါ်က ဖြူစွတ်နေတဲ့ ရှပ်အင်္ကျီကို စတိုင်ပန်အမဲနဲ့ တွဲဝတ်ထားတယ်။
ခပ်ဖြေးဖြေးလျှောက်လှမ်းလာတဲ့ ခြေလှမ်းတွေနဲ့ ရိပေါ်က လက်ထဲမှာ ကတိပါအနီရောင်ဘူးလေးတစ်ဘူးကို ကိုင်ထားတယ်။

ဝင်ထိုင်လိုက်တဲ့ ကုလားထိုင်ရဲ့ ဘေးက ခုတင်ထက်မှာတော့ လဲလျောင်းနေတဲ့ ရှောင်ကျန့်ရှိနေတယ်။

" ကော ..."

အနည်းငယ် အေးစက်နေတဲ့ ရှောင်ကျန့်လက်ကို ဆုပ်ကိုင်လိုက်တဲ့ ရိပေါ်ရဲ့ လက်တွေဆီက လက်ချောင်းလေးမှာ လက်စွပ်လေးတစ်ကွင်းက နေရာယူလို့ ...။

ဖွင့်ဟလိုက်တဲ့ ကတီပါဘူးလေးထဲမှာ ပုံစံတူ နောက်တစ်ကွင်းရှိနေတယ်။

" ကြိုက်လား ..ကော "

" ကျွန်တော် ကိုယ်တိုင်ရွေးထားတာ "

Douleurs Rouges  [ Completed ]Where stories live. Discover now