Chapter 12 ( Unicode )

4.6K 556 16
                                    

တနင်္ဂနွေနေ့ရဲ့ နေ့လည်အချိန်လောက်မှာ မိုးက ကောက်ခါငင်ခါနဲ့ သည်းထန်စွာရွာချတယ်။ ရိပေါ်ကတော့ တစ်ကိုယ်လုံး စိုရွှဲနေရင်း မိုးနတ်မင်းကို ကျိန်ဆဲတယ်။
ရှောင်ကျန့်အိမ်အသွားမှာ အိမ်ကထွက်လာတုန်း သာယာနေတဲ့ ရာသီဥတုကြောင့် ထီးမဆောင်လာမိသလို
ဘတ်စ်ကားပေါ်က ဆင်းမှ သောက်ကျိုးနည်း ရွာချလာတဲ့
မိုးက ရိပေါ်ကို အတော်စိတ်ပျက်စေတယ်။

ကျွန်တော်က မိုးရာသီတွေကို သိပ်မုန်းတာ။

တံခါးဖွင့်ဖွင့်ခြင်းပဲ မြင်လိုက်ရတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်
မှာ ပြာပြာသလဲလဲ။

" မိုးမိလာတာလား ရိပေါ်...စိုရွှဲနေတာပဲ ဖျားအုန်းမယ် "

ပြောရင်းနဲ့ မိုးရေတွေစိုနေတဲ့ ရိပေါ်ကို အပေါ်ထပ်အခန်းဆီခေါ်သွားပြီးအခန်းဗီရိုထဲက ရိပေါ်နဲ့တော်လောက်မယ့် အင်္ကျီနဲ့ ဘောင်းဘီကို ထုတ်ပေးရင်း ရှောင်ကျန့်အောက်ထပ်ဆင်းလာတယ်။ မိုးမိလာတဲ့ ရိပေါ်အတွက် ကော်ဖီပူပူတစ်ခွက်ဖျော်ပေးနေတုန်း တံခါးဘဲလ်သံမြည်လာတယ်။
ရိပေါ်က အပေါ်ထပ်က ဆင်းမလာသေး။

" ရှင်း ဒီနေ့ ဂျူတီမရှိလို့လား "

" မနက်ပိုင်းဂျူတီပြီးသွားလို့ နေ့လည်က ဆေးခန်းထိုင်ရမှာ ကြားထဲအားနေတဲ့အချိန်လာခဲ့တာ....ကို့ကို မတွေ့ရတာ ကြာနေလို့"

ကောင်မလေးစကားကြောင့် ရှောင်ကျန့်က ပြုံးတယ်။
သူမနဲ့ သူက တကယ်လဲ မတွေ့တာ ကြာနေပြီဘဲ။

အောက်ထပ်က စကားသံတွေကြောင့် လှေကားတဝက်နားလောက်မှာ ရပ်နေတဲ့ ရိပေါ်က ခပ်ပွပွတီရှပ်အမဲရောင်လေးကို အားကစားဘောင်းဘီအမဲလေးနဲ့ တွဲဝတ်ထားတယ်။ အရပ်ကွာခြားမှုကြောင့် ရှောင်ကျန့်နဲ့ ကွက်တိဖြစ်တဲ့ ဘောင်းဘီက ရိပေါ်နဲ့ အနည်းငယ် ရှည်နေတယ်။ ခပ်ဖြူဖြူခြေချောင်းလေးတွေသာ မြင်ရတဲ့အထိ။

" မား တို့ကလဲ ကိုနဲ့ တစ်ခါလောက် တူတူလာခဲ့တဲ့..."

" အင်း ရှင်း အားတဲ့နေ့ ကိုယ့်ကို ပြောလေ "

ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်ကျန့်တို့ နှစ်ယောက်နား ရောက်လာတဲ့ ရိပေါ်ကို တွေ့တော့ ရှောင်ကျန့်
က ကောင်မလေးနဲ့ ပြောနေတဲ့စကားကို ရပ်လိုက်တယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now