Chapter 05 ( Unicode )

5.7K 706 3
                                    

ကျောင်းရဲ့စာမျက်နှာမှာ အထက်တန်းဒုတိယနှစ် အတန်းအေက ကျောင်းသူတစ်ဦး ပျောက်ဆုံးနေခြင်းဆိုတဲ့
သတင်းက ထိပ်ဆုံးမှာ နေရာယူတယ်။
လဆန်းပိုင်းလောက်က ပျောက်သွားခဲ့တဲ့ ကျောင်းသား
နှစ်ဦးကိုလဲ မတွေ့ရှိသေး ဆိုတဲ့ သတင်းကလည်း
ရှိနေတယ်။

ဘယ်သူမှမရှိတော့တဲ့ အတန်းထဲ ရိပေါ် သန့်ရှင်းရေး
လုပ်နေတယ်။ သန့်ရှင်းရေးတာဝန်ကျ ငါးယောက်ဆို
ပေမယ့် နောက်ဆုံး ရိပေါ်ပဲ ကျန်ခဲ့ရတာပါဘဲ။

လက်ထဲက ကြမ်းတိုက်တံကို ခပ်ကြမ်းကြမ်း ရွေ့လျား
စေနေတဲ့ ရိပေါ် မျက်နှာက အေးအေးဆေးဆေးပုံစံ။

အတန်းတစ်တန်းလုံးအနှံ့ကြမ်းတိုက်ပြီးတော့ စားပွဲခုံတွေပေါ် တင်ထားတဲ့ ထိုင်ခုံတွေကို ပြန်ချတယ်။

အားလုံးပြီးသွားပြီမို့ သန့်ရှင်းရေး ပစ္စည်းတွေကို အခန်းတွေရဲ့ ထောင့်စွန်းက စတိုခန်းထဲ ထည့်ပြီး ပြန်အထွက်
မှာ အေးစက်နေတဲ့ ရေတွေက ရိပေါ် ခန္ဓာကိုယ်ပေါ်
ဗွမ်းခနဲ။

" အား....ဆောရီး..ငါက ရေတွေ သွန်ပြီးပြီထင်
လို့...ရေပုံးကို လွှဲလိုက်တာ "

သိပ်ခိုင်လုံတဲ့ အကြောင်းပြချက်ကြောင့် ရိပေါ်က ပြုံးတယ်။ သူ့ကို ရေနဲ့ပတ်ဖို့ ဘယ်သူမှ မရှိတော့တဲ့ ကျောင်းဆင်းချိန်ထိ စောင့်ရတယ်လို့.....။

ဘယ်လောက်များ ဉာဏ်နည်းလိုက်သလဲ....။

" အင်း "

ခေါင်းတွေခါရင်း တဟားဟားရယ်ပြီး ထွက်သွားတဲ့ အဲ့ကျောင်းသားက ဘယ်အတန်းကမှန်းမသိသလို ဘယ်သူမှန်း
လဲမသိဘူး။

သူကသာ လူတွေကို စိတ်မဝင်စားတာ....
လူတိုင်းကတော့ သူ့ကို စိတ်ဝင်စားကြသလိုပဲ။

ပုံမှန်ဆို အရှေ့နဖူးပေါ် ဝဲ၀ဲကလေးကျနေတတ်တဲ့ အညိုရောင် ဆံပင်တွေက ရေတွေကြောင့် အချောင်းလိုက်
ဖြစ်ပြီး ထိပ်ဖျားတွေဆီကနေ ရေစက်တွေ တစက်စက်
ကျနေတယ်။

ဝတ်ထားတဲ့ ကျောင်းယူနီဖောင်းအင်္ကျီအောက်နားတွေနဲ့ ဘောင်းဘီအောက်နားတွေဆီက ရေတွေက ရိပေါ်သွားရာ
လမ်းတစ်လျှောက်ကို စိုစွတ်စေတယ်။

Douleurs Rouges  [ Completed ]Wo Geschichten leben. Entdecke jetzt