Chapter 22 ( Unicode )

3.8K 484 21
                                    

မိုးချိန်းသံတွေနဲ့အတူ တန်ဖိုးကြီးအပြင်အဆင်နဲ့ အခန်းကျယ်ထဲ အမှောင်ထုဟာ နေရာယူနေပေမယ့် လျှပ်စီးကြောင့် တစ်ချက်ချက် လင်းသွားတယ်။ သွေးရဲရဲတွေပေကျံနေတဲ့လက်တစ်စုံက အခန်းထောင့်စားပွဲပေါ်ရှိ မီးအိမ်က ကြိုးကို ဆွဲချလိုက်တော့ အနီးအနားတစ်ဝိုက်က လင်းထိန်သွားတယ်။

အခန်းထဲလေထုမှာတော့ သွေးညှီနံ့တွေက ပြေးလွှားလို့နေတယ်။ မျက်နှာဖြူဖြူလေးပေါ်က သွေးတွေကို လက်နဲ့ တို့ထိလိုက်ရင်း ခပ်ဟိုက်ဟိုက်ရယ်လိုက်တဲ့ အသံက သည်းထန်နေတဲ့ မိုးသံအောက် ခပ်တိုးတိုးကလေး။

လှမ်းကြည့်မိလိုက်သည့် ထိုင်ခုံမှာတော့ ပထွေးအမည်ခံနဲ့ လူမဆန်တဲ့ အမျိုးသားတစ်ယောက်က ငြိမ်သက်စွာရှိနေတယ်။ ရင်ဘတ်တည့်တည့်က ထိုးစိုက်ထားတဲ့ ကတ်ကြေးကတစ်ဆင့် သွေးတွေက စီးကျနေတယ်။

နှုတ်ခမ်းတွေကို ကွေးညွှတ်ပြုံးရင်း ဓားချွန်တစ်ချောင်းကို လက်တွေဆီက ပေနေတဲ့ သွေးတွေနဲ့ သုတ်လိုက်တော့ ပြောင်လတ်နေတဲ့ဓားသွားက တခဏလေးအတွင်း နီရဲရဲဖြစ်သွားတယ်။

ကျွန်းတံခါးဖွင့်သံက တိတ်ဆိတ်နေရာက ထွက်ပေါ်လာပြီးနောက် ဝင်လို့သွားတဲ့ အခန်းရဲ့ ခုတင်ပေါ်မှာ လဲလျောင်းအိပ်ပျော်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။

ဆေးသုံးပြီး ရီဝေေ၀နှင့် အိပ်စက်နေတဲ့ အမျိုးသမီးဆီ ဖြေးဖြေးချင်းလှမ်းသွားရင်း လက်ထဲကို သွေးတွေပေနေတဲ့ ဓားကို ထည့်ပေးရင်း ကျေကျေနပ်နပ်ပြုံးရယ်တယ်။

" ဟိုလူကို...မားမား သတ်တာ "

အပြင်ဘက်မှာ မိုးတွေက သည်းကြီမည်းကြီး ရွာသွန်းနေဆဲ။သူက တစ်ဖက်အခန်းက အလောင်းခန္ဓာဆီကနေ ကတ်ကြေးကို ဆွဲထုတ်ဖို့မမေ့ခဲ့သလို ရဲစခန်းဆီ အကြောင်းကြားဖို့လဲ မေ့မနေခဲ့ဘူး။

ရေဘိုမိုင်ကကျလာတဲ့ရေတွေအောက် လက်နှစ်ဖက်ကို ထားလိုက်တော့ ရေကြည်တွေက နီမြန်းသွားကြတယ်။ သူက မျက်နှာချင်းဆိုင်က မှန်ဆီမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို ကြည့်ရင်း ပါးပေါ်က သွေးစက်တွေကို ဆေးချလိုက်တယ်။ပန်းနုရောင် နှုတ်ခမ်းအနားသတ်လေးတွေက ကွေးညွှတ်လို့။

Douleurs Rouges  [ Completed ]Where stories live. Discover now