Chapter 24 ( Unicode )

3.8K 499 13
                                    

ရှောင်ကျန့်က မျက်စိရှေ့တည့်တည့်ရှိနေတဲ့ မှန်ထဲမှ သူ့ရဲ့ပုံရိပ်ကို သူပြန်ကြည့်နေတယ်။ ခံစားနေရတဲ့ အေးစက်မှုဟာ သူရှိနေတဲ့ အခန်းကြောင့်ဖြစ်တယ်။ သန့်စင်ခန်း ဝင်ချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ သူက ရိပေါ်နဲ့အတူ အိမ်ထဲ ဝင်လာရင်း ဒီအခန်းထဲရောက်လာခြင်းဖြစ်တယ်။

သန့်စင်ခန်းနဲ့အတူ ရေချိုးခန်းပါတွဲထားတာမို့ အခန်းက အတော်ကျယ်တယ်။ အဲ့ဒီသန့်စင်ခန်းထဲကနေ ပြန်ထွက်မလို့ ဟန်ပြင်တုန်းမှာပဲ မျက်လုံးတွေက တစ်စုံတစ်ခုကို မြင်တယ်။

နံရံကပ်ဗီရိုအံတွေရဲ့အပေါ်မှာ ရှိနေတဲ့ တူတစ်ချောင်း။
ရေချိုးခန်းနဲ့ သံရိုက်တူက ဘာမှအကြောင်းမသက်ဆိုင်တာမို့ ရှောင်ကျန့်အနည်းငယ် တွေးတောလိုက်ပေမယ့် အခန်းအပြင်ဘက်ဆီ ပြန်ထွက်ဖို့ပဲ တွေးလိုက်တယ်။

ရိပေါ်ရဲ့ အိမ်က တစ်ယောက်တည်းနေဖို့ရာ အလွန်ကိုမှ ကျယ်တဲ့ အတိုင်းအတာမှာရှိတယ်။ အေးစက်တိတ်ဆိတ်နေမှု ကြီးစိုးနေတဲ့ အခန်းထဲ ခုတင်နဲ့ စားပွဲခုံ နောက်ပြီး ဗီရို။ အဲ့ဒါတွေကလွဲရင် အခြားပစ္စည်းတွေမရှိတဲ့ အခန်းက ရိပေါ်အခန်း။

သန့်စင်ခန်းထဲက ထွက်လာပြီးတဲ့နောက် ရိပေါ်ကို မတွေ့တာကြောင့် ရှောင်ကျန့်လိုက်ရှာနေတယ်။ အိမ်ထဲမှာ အခန်းတွေက သိပ်များလွန်းတယ်။ အခန်းတံခါးတွေရှိနေတဲ့ ဘေးက လျှောက်လမ်းမှာ ရှောင်ကျန့် လျှောက်လာတုန်း ခြေလှမ်းတွေက ရပ်တန့်သွားတယ်။

ခပ်ရဲရဲ အနီရောင် ဆေးသုတ်ထားတဲ့ တံခါးချပ်တစ်ခု..။
အခြားတံခါးတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အဲ့ဒီ တံခါးရဲ့ နောက်ကွယ်မှာ ဘာရှိနေမလဲ သိရဖို့ ရှောင်ကျန့်ရဲ့ လက်တစ်ဖက်က တံခါးလက်ကိုင်ဆီ လှမ်းကိုင်လိုက်တယ်။

မျက်စိစုံမှိတ်ချပြီး သက်ပြင်းတစ်ချက်ချရင်း ရှောင်ကျန့်
တံခါးကို ဆွဲဖွင့်ရင်း ခပ်မြန်မြန်ပဲ အခန်းဆီဝင်သွားလိုက်တယ်။

အခန်းရဲ့အပြင်အဆင် ဘာမှထူးခြားခြင်းရှိမနေတဲ့ စာကြည့်ခန်းတစ်ခန်း။ ရှောင်ကျန့် ဖြေးဖြေးချင်းပဲ လျှောက်သွားရင်း စာအုပ် စာတမ်းတွေနဲ့ ပျံ့ကျဲနေတဲ့ စားပွဲခုံ တစ်ခုဆီရောက်တယ်။

Douleurs Rouges  [ Completed ]On viuen les histories. Descobreix ara