Chapter 14 ( Unicode )

4.3K 553 11
                                    

အရာရာမှောင်မိုက်နေတဲ့ည။ ဝါကျင့်ကျင့်မီးရောင်ထွန်းထားတဲ့ အိပ်ခန်းတစ်ခုထဲ မှာ စကားသံတွေက ကျယ်လောင်စွာရှိနေတယ်။

" မလာနဲ့....မင်းငါ့နား မလာနဲ့ ရိပေါ်....."

အခန်းထောင့်နေရာက ရှောင်ကျန့်က
ကိုင်ထားတဲ့ ဓားကို သူ့လည်ပင်းနားချိန်လိုက်ရင်း ပြောတယ်။ ချွေးစေးတွေနဲ့ တုန်လှုပ်နေတဲ့ ရှောင်ကျန့်ရဲ့ မျက်ဝန်းတွေထဲက အကြောက်တရားတွေကို မျက်နှာချင်းဆိုင်
ရပ်နေတဲ့ ရိပေါ် မြင်နေရတယ်။

" ကော..."

အထိန့်တလန့်ခေါ်ရင်း ရိပေါ်ခြေတစ်လှမ်းတိုးတိုင်း ရှောင်ကျန့်လည်ပင်းသားထဲ ဓားချွန်ထိပ်က ပိုနစ်ဝင်တယ်။

" မလာနဲ့လို့ ပြောနေတယ်နော်..."

ခပ်ဖွေးဖွေးလည်တိုင်ပေါ်မှာ သွေးတွေက စီးကျလာတော့
ရိပေါ်ရဲ့ စိတ်ပူခြင်းတွေကို ဒီဂရီအမြင့်ဆုံးအထိ ရောက်တယ်။ ရိပေါ်ရဲ့ မျက်ဝန်းတွေထဲက မျက်ရည်တွေက
ပါးပြင်ထက် လျှံကျတယ်။

" မလုပ်ပါနဲ့...ကော ကိုယ့်ကိုကိုယ်နာအောင် မလုပ်ပါနဲ့....ကျွန်တော့ကို...ကျွန်တော့ကိုပဲ နာအောင်
တစ်ခုခုလုပ်လိုက်ပါ...ကော..ကျွန်တော် တောင်းပန်ပါတယ်....ကော..."

" မလာနဲ့လို့...ရိပေါ်...မင်းငါ့နား မလာနဲ့.."

" ကော.."

စိုးရိမ်နေတဲ့စိတ်တွေကြောင့် မထိန်းနိုင်ဘဲ လှမ်းလိုက်မိတဲ့
ခြေလှမ်းတွေနောက်မှာ လည်ပင်းသားတွေထဲ နစ်ဝင်သွားတဲ့ ဓားချွန်နဲ့ ရှောင်ကျန့်က ကြမ်းပြင်ပေါ် ပုံပျက်လဲကျတယ်။ ဝတ်ထားတဲ့ အပြာနုရောင် ရှပ်အင်္ကျီက လည်ပင်းကတစ်ဆင့် ကျလာတဲ့သွေးတွေကြောင့် အနီရောင်ဘက်ကို ကူးပြောင်းတယ်။

" ကော....ကော..."

သွေးပျက်နေတဲ့ ရိပေါ်က တုန်ရီနေတဲ့လက်တွေနဲ့ ရှောင်ကျန့်ကို မ ရင်း ရင်ခွင်ထဲဆွဲသွင်းတော့ သွေးတွေက
ရိပေါ်ဆီကိုပါ ကူးကုန်တယ်။

" မဟုတ်ဘူး....ကော...ကော "

" ကော....."

ချွေးတွေရွဲနေတဲ့ ခန္ဓာကိုယ်နဲ့အတူ မြန်ဆန်တဲ့ အသက်ရှူ
သံတွေနဲ့ နိုးထလာရတဲ့ သန်းခေါင်ယံက ခြောက်ခြားစရာ
သိပ်ကောင်းတယ်။ ခုတင်ပေါ်ထထိုင်ရင်း ရိပေါ်က မျက်စိတွေကို စုံခဏ မှိတ်လိုက်တယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now