Chapter 17 ( Unicode )

4.2K 553 33
                                    

AN - စာလုံးအစောင်းတွေနဲ့ရေးထားတာ အတိတ်ကာလကိုရေးထားပါ

အခန်းအပြင်ဘက် လှေကားထစ်တွေဆီက ပိုပိုနီးလာတယ်။ တိတ်ဆိတ်နေတဲ့အခန်းထဲ ကျွန်းတံခါးဖွင့်သံက ခပ်ကျယ်ကျယ်ထွက်လာတယ်။ မနှစ်မြို့ဖွယ်အခြေအနေကြီးကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်ရင်း သတိထားမိတာက အရက်နံ့တွေနဲ့ရောနေတဲ့ စိမ်းရွှင်ရွှင်ဆေးအနံ့။

" ခင်ဗျား....ဘာလာလုပ်တာလဲ "

သဲသဲကွဲကွဲမြင်လိုက်ရတဲ့ အဲ့ဒီလူက အမေဖြစ်သူရဲ့ ဒုတိယမြောက်ခင်ပွန်း။ သိပ်စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေကြောင့် ရိပေါ်က ခုတင်ပေါ်က ဆင်းမလို့ဟန်ပြင်လိုက်တယ်။

" ဘယ်ထွက်ပြေးမလို့လဲ ...မင်းက ငါ့သားလေ ..
ကိုယ့်သားအခန်း ကိုယ်လာတာမှားလား "

" ကျွန်တော် ခင်ဗျားသားမဟုတ်ဘူး "

အဲ့လူက ခပ်ဟိုက်ဟိုက်ရယ်ရင်း ရိပေါ်ရဲ့ မေးစိနေရာကနေ ပါးနှစ်ဖက်ကို ချုပ်ကိုင်ထားတယ်။ မူးယစ်ဆေးသုံးထားပြီး မူမမှန်နေတဲ့ ပထွေးဆိုတဲ့လူရဲ့ ခပ်ကြမ်းကြမ်းလက်တွေကို ဆွဲခွာရင်း ရိပေါ်ရုန်းတယ်။

" မင်းမှန်တယ် ...ရိပေါ် မင်းက ငါ့သားမဟုတ်ဘူး....ဒါပေမယ့် ချစ်စရာကောင်းတယ် "

" လွှတ်...ခင်ဗျား လက်တွေဖယ် "

လည်ပင်းနားကနေ ရင်ဘတ်တွေပေါ်ထိရောက်လာတဲ့ လက်ဆီက ရိပေါ် ရုန်းပေမယ့် အချည်းနှီးပဲ။

" မဆိုးရဘူးလေ ဒယ်ဒီက ချစ်လို့လေ "

ရိပေါ်က ခြေတွေကော လက်တွေကော ရုန်းနေပေမယ့် မလွတ်မြောက်ဘူး။ အုပ်မိုးခံထားရင်း တဖြည်းဖြည်း ခန္ဓာကိုယ် အောက်ပိုင်းဆီရောက်လာတဲ့ လက်ကြောင့်် ရိပေါ် ထူပူသွားတယ်။

နှုတ်ခမ်းတွေပေါ်ရောက်လာတဲ့ ဆေးခါးခါးအရသာတွေနဲ့
အတင်းဖိကပ်နမ်းမှုတွေနဲ့ ရိပေါ်မျက်ဝန်းတွေထဲ အကြောက်တရားတွေနဲ့ မျက်ရည်တွေကျရတယ်။

အားကြီးလွန်းတဲ့ အဲ့ဒီလူရဲ့ ခြယ်လှယ်မှုအောက်မှာ နာနာကျင်ကျင်နဲ့ပဲ တစ်ညတာကို ကုန်ဆုံးခဲ့ရတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now