Chapter 08 ( Zawgyi )

3.5K 309 9
                                    

ဘတ်​စ်​ကား​ပေါ်က ဆင်း​တော့ တပ်​ထားတဲ့ နားကြပ်​ကို
ဖြုတ်​ပြီး ​ကော ​ပြောတဲ့ အိမ်​လိပ်​စာအတိုင်း ​လျှောက်
လာခဲ့တယ်​။ တစ်​ခါမှ ​မ​ရောက်​ဖူးတဲ့ ​နေရာမို့ ​အနည်းငယ်​ကြာ​အောင်​​တော့ ရှာလိုက်​ရတယ်​။

ခြေအစုံရပ်​လိုက်​တဲ့ အိမ်​​လေးက ရိုးရိုးရှင်းရှင်း နှစ်​ထပ်
အိမ်​​လေး။ ဘဲလ်​ခလုတ်​ကို နှစ်​ချက်​ ဖိနှိပ်​လိုက်​​တော့
ထွက်​လာတဲ့ ​ကောရဲ့ ပုံစံက မြတ်​နိုးစရာအတိ။

ခပ်​ပွပွဆွယ်​တာအသား​ရောင်​​လေးကို ချည်​​ဘောင်းဘီအမဲ
ပွ​လေးနဲ့ တွဲဝတ်​ထား​တော့ ​ကျောင်းမှာ ​တွေ့​နေကျ
ပုံစံနဲ့ ကွဲထွက်​​နေတယ်​။

ရိ​ပေါ် ​ရှောင်​ကျန့်​အိမ်​ လာရခြင်းက​တော့ အခြား​တော့မဟုတ်။ ရိ​ပေါ် နားမလည်ဘူး​ပြောတဲ့ စာ​တွေ ပြန်​ရှင်းပြမယ်
ဆိုပြီး ​ကျောင်းပိတ်​ရက်​ တနင်္ဂ​နွေမှာ အိမ်​ကို ​ခေါ်ထား
တာ​ကြောင့်​။

ရှောင်​ကျန့်​က သူ့ရဲ့ စာကြည့်​ခန်းထဲမှာ စာလုပ်​ကြမယ်​လို့
ပြင်​ဆင်​ထားတယ်​။ အနည်းငယ်​ကျယ်​တဲ့ စာကြည့်​စားပွဲ
မှာ ထိုင်​ခုံနှစ်​လုံးကို ထားထားတယ်​။

" ရိ​ပေါ်....ခဏထိုင်​​နေအုန်း ​ကော ​ကော်​ဖီ​ဖျော်​​ပေးမယ်​ "

ရိ​ပေါ် ​ခေါင်းငြိမ့်​ပြလိုက်​​တော့ ​ရှောင်​ကျန့် က အခန်းပြင်
ကို ထွက်​သွားတယ်​။

အ​နွေးဓာတ်​​တွေလွှမ်း​နေတဲ့ ခံစားချက်​က ခင်​ဗျားအ​ငွေ့အသက်​​တွေရှိ​နေလို့ ဖြစ်​မယ်​။ စာကြည့်​ခန်းရဲ့ အပြင်​အဆင်
က ရိုးရိုးရှင်းရှင်း​လေး။ ရိ​ပေါ် နားမလည်​တဲ့ ရှုခင်းပန်းချီကားအနည်းငယ်​က နံရံ​တွေ​ပေါ်မှာရှိတယ်။ ရိ​ပေါ် တစ်​ရပ်​စာရှိတဲ့ စာအုပ်​စင်​နှစ်​ခုမှာ စာအုပ်​​တွေက စီစီရီရီနှင့်​။
စာအုပ်​​တွေက ပျင်းဖို့​ကောင်းတယ်​။
ဒါ​ပေမယ့်​ ခင်​ဗျားကို​တော့ သ​ဘောကျတယ်​။

" ရိ​ပေါ်....ဘာ​တွေ​တွေး​နေတာလဲ "

ကော်​ဖီခွက်​နှစ်​ခွက်​ကို စားပွဲ​ပေါ်ချရင်း ​ဘေးခုံမှာ ထိုင်​လာတဲ့ ​ရှောင်​ကျန့်​က ​မေး​တော့ ​ခေါင်းပဲ ခါပြမိတယ်​။
အ​တွေး​တွေဆိုတာ စိတ်​ထဲမှာပဲ ကိန်းဝပ်​​နေတာ...
မဖြစ်​မ​နေ ထုတ်​ပြဖို့မလိုအပ်​ပါဘူး။

Douleurs Rouges  [ Completed ]Where stories live. Discover now