Chapter 11 ( Unicode )

4.7K 593 22
                                    

၀င်တော့မယ့်ဝါကျင့်ကျင့်နေရောင်က ဇျာပနအခန်းရဲ့ ပြတင်းကဖြာကျနေတယ်။ နံရံထောင့်မှာ ဒူးတွေပိုက်ပြီး ငြိမ်သက်စွာထိုင်နေတဲ့ ဆယ့်တစ်နှစ်အရွယ် ကောင်လေး။

အနက်ရောင်စကတ်အကျပ်အရှည်ကိုဝတ်ဆင်ထားပြီး
မိတ်ကပ်အညီအညာပြင်ထားတဲ့ အမျိုးသမီးက သေဆုံးသွားတဲ့ အမျိုးသားရဲ့ ဇနီးပါလို့ ပြောရမှာတော့ နည်းနည်းရယ်စရာကောင်းတယ်။

" ဒါ မင်းအဖေအသစ်...." တဲ့။ အမေဖြစ်သူရဲ့
စကားကြောင့် ကောင်လေးက ခေါင်းထောင်ကြည့်တယ်။

ရက်တောင်မလည်သေးတဲ့ အဖေဖြစ်သူရဲ့ ဇျာပနပွဲမှာ
အမေဖြစ်သူက အဲ့ဒီလူရဲ့ လက်တွေကို ချိတ်ရင်း ဘာမှမဖြစ်သလို မိတ်ဆက်ပေးတယ်။ ဒါကတော့ ကောင်လေးအတွက် ရယ်စရာမကောင်းခဲ့ဘူး။

....

အမှတ်၁ ပေကျင်းအထက်တန်းကျောင်းက ကျိန်စာသင့်နေတယ်လို့ သတ်မှတ်နေကြတဲ့ ဆိုရှယ်မီဒီယာတွေနဲ့အတူ
ကျောင်းသားမိဘများအဖွဲ့က မငြိမ်မသက်မှုတွေကြောင့်
ကျောင်းက နာမည်ဆိုးနဲ့ ကျော်ကြားနေတယ်။

ဒီနေ့အတွက်ကတော့ အထက်တန်းကဆရာတစ်ယောက်ရဲ့
ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းက ကျောင်းရဲ့ ဟော့
အဖြစ်နေဆုံးသတင်း။

သေဆုံးသွားတဲ့ဆရာရဲ့ အခန်းကိုစစ်ဆေးကြည့်ရာကနေ
တွေ့ရတဲ့ ဆေးစစ်ချက်စာရွက်တွေကြောင့် သေဆုံးသူဆရာမှာ သိပ်မပြင်းထန်တဲ့စိတ်ရောဂါ ခံစားနေရပြီး
ဆွဲကြိုးချသေဆုံးနေတဲ့ ခန္ဓာအလောင်းရဲ့ ညာဘက်လက်က လက်ညိုးက ပြတ်နေခဲ့တယ်တဲ့။

တချို့ကတော့ ရူးနေလို့ သတ်သေတယ်ထင်ကြတယ်။
တချို့ကတော့ အသတ်ခံရတယ်လို့ သတ်မှတ်တယ်။

ဆရာတွေကော ကျောင်းသားမိဘတွေပါ ထိတ်လန့်နေကြတာမို့ တချို့မိဘတွေက သူတို့ရဲ့ သားသမီးတွေကို
ကျောင်းပြောင်းပေးဖို့ တာဆူနေကြတယ်။

ရှောင်ကျန့်က အသွားအလာဂရုစိုက်ဖို့ ရိပေါ်ကိုပြောတော့
ရိပေါ်က အေးစက်စက်နဲ့ပဲ ခေါင်းငြိမ့်တယ်။

အတန်းပြီးတော့ အလယ်တန်းပထမနှစ်အတန်းရှိတာမို့
ရှောင်ကျန့်အောက်ထပ်ဆင်းလာလိုက်တယ်။
အတန်းထဲ ဝင်ဝင်ချင်းပဲ ကျောင်းသားတွေက ထနှုတ်ဆက်ကြတယ်။ သယ်လာတဲ့ စာရွက်တွေကို ခုံပေါ်ချလိုက်တော့ ကျောင်းသားတွေက ဟာ ဆိုပြီး ညည်းညည်းညူညူအော်ကြတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now