Chapter 09 ( Unicode )

5K 621 13
                                    

ဖွယ်ဖွယ်ရာရာပြင်ထားတဲ့ ထမင်းစားပွဲမှာ ထိုင်နေတဲ့
လူတွေက တိတ်ဆိတ်နေတယ်။ လှုပ်ရှားမှုတွေနောက်မှာ
ဇွန်းသံ ပန်းကန်သံတွေကလွဲရင် ဘာမှမရှိတဲ့ ထမင်းစားခန်းထဲမှာ ဖုန်းသံက ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ ဆံပင်ဂုတ်ဝဲနဲ့ အမျိုးသမီးက ကိုင်ထားတဲ့ တူကို
ချရင်း ဖုန်းကို ကောက်ကိုင်တယ်။

" ဟယ်လို....ဒါလင် "

" အင်း ဟုတ်တယ် ..."

စားပွဲရဲ့ ထိပ်ဆုံးမှာထိုင်နေတဲ့ အမျိုးသားက မျက်လွှာတစ်ချက်တောင် ကြည့်မလာဘဲ အေးဆေးစွာ ထမင်းကိုသာ
ဆက်စားနေတယ်။ အမျိုးသမီးရဲ့ အရှေ့က ၁၀ နှစ်အရွယ်ကောင်လေးကလည်း အေးတိအေးစက် အနေအထားနဲ့။

သိပ်မထူးဆန်းတော့တဲ့ အခြေအနေပါ။
သူ့အဖေနဲ့ အမေဟာ ဒီလိုဆက်ဆံရေးမျိုး။ ချစ်ကြိုက်ပြီး
ညားခဲ့ပေမယ့် အချစ်က ရက်အကန့်အသတ်ကပ်ထားတဲ့
ပစ္စည်းတစ်ခု ဖြစ်ခဲ့တယ်။ အမေဖြစ်သူကတော့ နောက်ထပ် အချစ်တစ်ခုကို ရှာတွေ့တယ်။ ပတ်ဝန်းကျင်ကတော့
ခေါင်းစဉ်တပ်တယ်။ အိမ်ထောင်ရေး ဖောက်ပြန်တယ်တဲ့။

" ဘိုင့်ဘိုင် ဒါလင် ညမှ တွေ့ကြမယ် "

အဲ့ဒီ အမျိုးသမီးရဲ့ မျက်နှာပြောင်တိုင်မှုကတော့ သြချရလောက်ပါရဲ့။ လက်ရှိ အမျိုးသားရှေ့မှာ လွတ်လပ်စွာပဲ နောက်ယောကျ်ား တစ်ယောက်နဲ့ ဖုန်းပြောနိုင်တယ်။
ဒါကို ယောကျ်ားဖြစ်သူ အမျိုးသားကလဲ ဘာမှမဖြစ်သလို
လက်ခံနိုင်တာပဲ။
မျက်ကွယ်ပြုတာနဲ့ လွတ်လပ်ပွင့်လင်းတာ က အားချင်းပြိုင်တော့ တိတ်ဆိတ်သွားရတာပါဘဲ။

" ကျွန်မ ဒီနေ့ အိမ်ပြန်မအိပ်ဘူး သွားပြီ "

ထမင်းစားပွဲက ထသွားတဲ့ အမျိုးသမီးက မျက်စိရှေ့က
သူ့ကို လှည့်တောင်မကြည့်သွားဘူး။
ဘုရားစူး အဲ့အမျိုးသမီးက သူ့ရဲ့ အမေအရင်းပါတဲ့။

သူရဲ့ နှုတ်ခမ်းထူထူလေးတွေက ပြုံးလို့။
မျက်လုံးပေါက်ကျင်းကျင်းလေးတွေမှာ အရည်ကြည်တစ်ချို့
ခိုလို့။

နာရီအနည်းငယ်ကြာတဲ့အထိ ထမင်းဝိုင်းကမထသေး။
ကုမ္ပဏီက အရေးကြီးအစည်းအဝေးဆိုပြီး ခပ်သွက်သွက်
ထထွက်သွားတဲ့ အဖေဖြစ်သူရဲ့ နေရာကလည်း လစ်ဟင်းနေတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now