Chapter 19 ( Unicode )

4K 518 9
                                    

AN- စာလုံးအစောင်းတွေနဲ့ရေးထားတာ အတိတ်ကာလကိုရေးထားတာပါ ❤

ဝင်သက်ထွက်သက်မရှိတော့တဲ့ ရှင်းက ခုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလျက်ရှိတယ်။ မွေ့ယာခင်းအဖြူပေါ်ကသွေးနီကွက်တွေက လှပေမယ့် အကျည်းတန်တော့ဆန်တယ်။

ရိပေါ်က ဘေးစားပွဲပေါ်က ကျောပိုးအိတ်ကိုယူရင်း စားပွဲခုံပေါ်က ဓာတ်ပုံမှန်ဘောင်လေးကို သတိထားကြည့်မိတယ်။
မှန်ဘောင်ထဲက ဓာတ်ပုံထဲမှာ ရှောင်ကျန့်နဲ့ ရှင်းက ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်ရင်း ပြုံးရယ်နေကြတယ်။

ရိပေါ်က ဓာတ်ပုံထဲက ရှောင်ကျန့်မျက်နှာလေးကို ထိတွေ့လိုက်တော့ လက်က သွေးနီတွေက ဓာတ်ပုံမှန်ဘောင်ပေါ်စွန်းထင်ကုန်တယ်။ သိပ်တော့ ကိစ္စမရှိဘူး...
ရိပေါ်က ပြန်သုတ်ပေးဖို့ စိတ်ကူးရှိတာမို့။

အဲ့ဒီဓာတ်ပုံဘောင်ကို စားပွဲပေါ်ပြန်ချလိုက်တော့ ရိပေါ်အကြည့်တွေက အနောက်နားက သုံးခေါက် မှန်ဘောင်တစ်ခုဆီရောက်တယ်။

မှန်ဘောင်ထဲမှာ ဓာတ်ပုံသုံးပုံ က ငြိမ်ငြိမ်သက်သက်လေးနဲ့ ရှိနေတယ်။ မိသားစု ဓာတ်ပုံလို့ ထင်ရတဲ့ ဓာတ်ပုံလေးက ပထမနေရာမှာရှိနေတယ်။

ရှင်းရဲ့မိဘတွေလို့ထင်ရတဲ့လူနှစ်ဦးနဲ့အတူ ရှင်းအပြင် အခြားတစ်ယောက်ပါ ပါဝင်နေတယ်။ မှတ်မိလွယ်တဲ့ မျက်နှာနဲ့ အဲ့ဒီလူက ရဲဝတ်စုံကိုဝတ်ထားပြီး ရှင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံက ဒုတိယမြောက်ပုံဖြစ်တယ်။

အဲ့ဒီလူလက်ထဲက သင်တန်းဆင်းလက်မှတ်နဲ့ ဝတ်စုံကြောင့် သင်တန်းဆင်းပွဲတစ်ခုမှာ ရိုက်ထားမှန်း ရိပေါ် တန်းသိတယ်။

တတိယပုံကတော့ ရှင်းတစ်ယောက်တည်းပုံဖြစ်တာကြောင့်ရိပေါ်စဉ်းစားမနေတော့ဘူး။

မနက်မိုးလင်းတော့မယ့် မိုးသောက်ချိန်မှာ ရိပေါ်က ရှင်း
အိမ်ရဲ့ ခြံဝန်းထဲမှာရှိနေတယ်။ လက်ထဲက ဖုန်းကို ကျင်းတစ်ခုထဲပစ်ချလိုက်ရင်း ရိပေါ်ကပြောတယ်။

" Contact တွေအတွက် ကျေးဇူး ... "

.....

ခြံတံခါးဘေးက လျှိုဝှက်နှိပ်နေရင်း ရိပေါ်က အနောက်ဘက်ကို လှည့်ကြည့်တယ်။ ဘယ်သူမှရှိမနေပေမယ့် တစ်စုံတစ်ယာက် သူ့အနောက်က လိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကတော့ ပျောက်မသွားဘူး။

Douleurs Rouges  [ Completed ]Where stories live. Discover now