Chapter 06 ( Unicode )

5.4K 662 4
                                    

ပုံမှန်ထက်အေးစက်တဲ့ ရေချိုးခန်းထဲမှာ အဖြူရောင်
ကြွေပြားတွေဝန်းရံထားတယ်။ ရေချိုးကြွေဇလုံထဲ ဖွင့်ထည့်ထားတဲ့ ရေအေးတွေက လျှံကျလာတာမို့ ရေဘိုမိုင်ကို
လှည့်ပိတ်လိုက်ပြီး ရေချိုးခန်းထောင့်နေရာမှာ ခွေနေတဲ့
အနေအထားနဲ့ မေ့နေတဲ့ လူကိုကြည့်တယ်။

ဝတ်ထားတဲ့ အင်္ကျီဂုတ်ကနေ ဆွဲခေါ်လာရင်း ရေအပြည့်
ဖြည့်ထားတဲ့ ကြွေဇလုံထဲ ခေါင်းနှစ်ပစ်လိုက်တော့
သွေးရူးသွေးတန်းနဲ့ ထအော်လာတယ်။

" အေးတယ်မလား....ကြိုက်လား..."

နှုတ်ခမ်းဖျားတစ်ဖက်ကို ကွေးရုံပြုံးရင်း သူမေးတော့
ဒူးထောက်ထားတဲ့အနေအထားနဲ့ အဲ့လူက အော်တယ်။

" ငါ့အဖေက ရဲမှူး....မင်းကို ငါဒုက္ခရောက်အောင်
လုပ်ပစ်မယ် "

" ဟုတ်လား....အာ့ဆို အခုအော်ခေါ်လေ....
ပါးပါးရေ....သားအနိုင်ကျင့်ခံနေရတယ်ဆိုပြီး.."

ဟား...ဟား...
လှောင်ရယ်သံတွေက အသံလုံနေတဲ့ ရေချိုးခန်းထဲ ဟိန်းထွက်နေတယ်။

ဒူးထောက်အနေအထားဖြစ်နေတဲ့ အဲ့ဒီလူရဲ့ ကျောပြင်ကို
ဖိနပ်စီးထားခြင်းမရှိတဲ့ ခြေထောက်ဖြူဖြူလေးနဲ့ နင်းချလိုက်
တော့ အဲ့ဒီလူရဲ့ ခေါင်းက အရှေ့က ကြွေဇလုံထဲ ထပ်နစ်သွားတယ်။ လျှံကျလာတဲ့ ရေတွေက ရေချိုးခန်း
ကြမ်းပြင်မှာ စီးမျှောလို့...။

ဘာအရောင်မှမပါတဲ့ ရေတွေက ပျော်စရာမကောင်းဘူး။

ဘေးက ဘေစင်ပေါ်တင်ထားတဲ့ တူကို ဆွဲယူတယ်။
နောက်ပြီး ရေတွေထဲနစ်နေတဲ့ အဲ့ဒီလူရဲ့ ခေါင်းကို
ရိုက်ချလိုက်တော့ သူသဘောကျတဲ့ သွေးနီတွေက
မျက်နှာထိတက်စင်ကုန်တယ်။

ရေမွန်းနေလို့ ရုန်းနေရာကနေ အဲ့ဒီလူငြိမ်ကျသွားတော့
ကန်ထဲက ရေတွေက အနီရောင်အဖြစ်ပြောင်းကုန်တယ်။

လက်ထဲက သွေးတွေပေကျံနေတဲ့ တူကို ကြွေဇလုံထဲ
ပစ်ထည့်လိုက်တော့ သွေးအရောင်တွေက ပိုတောက်သွားတယ်။

ရေချိုးခန်းကြမ်းပြင်ပေါ်က ရေတွေကြောင့် သူ့ရဲ့ ဘောင်းဘီအောက်နားတွေ စိုစွတ်နေတယ်။
ဘောင်းဘီတစ်ထည် လဲဝတ်လိုက်ဖို့အစား
ဘေစင်နားသွားကာ မျက်နှာသစ်ပစ်လိုက်ဖို့ပဲ သူတွေးနေတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now