1

31.7K 1K 14
                                    

ပေကျင်းရဲ့ နေ့လည်ခင်းက မိုးတွေသည်းလို့။

လမ်းထောင့်က ကော်ဖီဆိုင်လေးထဲမှာထိုင်ရင်း..သည်းသည်းမဲမဲ ရွာနေတဲ့မိုးကြောင့်..စိတ်ပျက်လက်ပျက် "shit " ကနဲ ရေရွတ်မိတာက ဝမ်ရိပေါ်။

ဘယ်တုန်းကမှ ထီးမဆောင်တတ်တဲ့ အကျင့်ကို စိတ်ပျက်မိရင်း..လက်ကနာရီကိုကြည့်တော့ နေ့လည် နှစ်နာရီအတိ။

"ဒီမိုးက ဘယ်ချိန်ထိ ရွာနေအုံးမှာတဲ့လဲ"။

Audition ဖြေဖို့အတွက် အချိန်က လိုနေသေးတယ်ဆိုပေမဲ့ ..အချိန်ပြည့် ပိတ်နေတတ်တဲ့ ကားလမ်းကြောင်းက ဒီမိုးအတိုင်းသာဆို ..ပိုပြီးဆိုးရွားမဲ့အနေအထားမိုလို့..ရိပေါ်ဖင်တကြွကြွဖြစ်ကာ ဂနာငြိမ်မနေနိုင်တော့ဘူး။

Entertainment တစ်ခုမှာ Trainer လုပ်ဖို့အတွက် join ထားတာမို့...ဝါသနာအရင်းခံထားရတဲ့ဒီအလုပ်ကို ..တစ်ခုလေးကမှ..အနှောင့်အယှက်အဖြစ်မခံချင်ဘူး။

စိတ်ရှိတဲ့အတိုင်းသာဆို Taxi ငှါးပြီး ..သွားလိုက်ချင်တာ။

ဒါပေမဲ့.....။

"မင်း Canada က ပြန်ရောက်တည်းက တွေ့ရသေးတာမဟုတ်ဘူးနော် ရိပေါ်..ပေကျင်းရောက်တုန်းလေးတော့..ငါ့ကို အဖူးမျှော်ခံစမ်းပါအုံး"

ဆိုပြီး...သူငယ်ချင်းဖြစ်သူ ယွီဘင်းက phone တဂွမ်ဂွမ်ဆက်ထားတာမို့ ဒီဆိုင်လေးမှာ ချိန်းထားခဲ့တာ။

တကယ်တော့ ..ရိပေါ်ဇာတိဟဲနန်း။

Hip - Hop ကစလို့ ဝါသနာပါရာ ဒီလောကထဲချေချမိရင်းကနေ...တက္ကသိုလ်တတ်တော့ ပေကျင်းကိုပဲ ဦးတည်ရွေးခဲ့တာ။

အကကို သေသေချာချာ လေ့လာချင်တာရော..အိမ်နဲ့ဝေးဝေးမှာ နေချင်မိတာရောပါလို့။

ဒီလိုနဲ့ ဟဲနန်းသား ရိပေါ်တစ်ယောက်က ပေကျင်းရဲ့ လမ်းတွေပေါ်မှာ ခြေချင်းလိမ်ခဲ့ဖူးတာမို့..ပေကျင်းက သူ့အတွက်တော့..နည်းနည်းလေးမှ စိမ်းမနေဘူး။

ပြီးခဲ့တဲ့ 2နှစ်ဆိုတဲ့ အတိတ်တွေထဲမှာတော့...လူတစ်ယောက်ကြောင့်ပြိုလဲပျက်စီးသွားတဲ့..အပိုင်းအစတွေနဲ့.အတူ....Canada ကို အပို့ခံလိုက်ရတဲ့ ဆယ်ကျော်သက်အရွယ် ကောင်ငယ်လေးပေါ့...။

 BLACK HOLE ‼️(Complete)Where stories live. Discover now