4

8.7K 646 7
                                    

Unicode🔒🔒
"Happy Birthday လောင်ဝမ်"

Phone ကိုင်ကိုင်ချင်း ကြားရတဲ့ Birthday wish ကြောင့် ရိပေါ်အံ့ဩသွားတယ်။

ကျန့်ကောက သူ့မွေးနေ့ကို သိနေတာလား။

ပတ်သက်ခဲ့ဖူးကြတယ်ဆိုပေမဲ့ ရိပေါ်ဘက်ကသာ..မစားတရားတွေ စိတ်နှစ်ပြီး...အရာရာ ယုံကြည်ခဲ့မိတာ။

မွေးနေ့တွေအပြန်အလှန်သိရလောက်အောင် ကျန့်ကောဘက်ကတော့ ဘာတစ်ခုမှ ပွင့်လင်းခဲ့တာမှ မဟုတ်တာ။

"ကျန့်" ဆိုတဲ့ နာမည်တစ်စွန်း နောက်မှာ ကျန့်ကောနဲ့ ပတ်သတ်လို့....ရိပေါ်သိခဲ့တာ ဘာမှ မရှိခဲ့ဘူးထင်ပါရဲ့။

ကျန့်ကောရဲ့ မွေးနေ့လေး အတိအကျ ကို သိချင်ခဲ့ဖူးပေမဲ့ မေးခွင့်တောင် မရလိုက်ပဲ သူ့ဘဝထဲက ကျန့်ကောက ပျောက်ကွယ်သွားခဲ့တာ။

အဲလိုပဲ သူ့မွေးနေ့လည်း ကျန့်ကောကို မပြောပြခဲ့ရဘူး..ဆိုတာ မမှတ်ထားပဲ သိနေပြန်တယ်။

" ကော...ကောက ကျနော့်မွေးနေ့ကို ဘယ်လိုသိတာလဲ"

" ဘယ်ကနေ အစပြုပြီး သိတာပါဆိုပြီး ရှင်းပြနေရအုံးမှာလားကွာ.."

အမေးကို အမေးနဲ့ ပြန်သတ်နေတာမို့ သူရယ်ပဲ ရယ်နေမိတယ်။

"အာ! ကော မသိဘူးထင်လို့..အံ့ဩသွားလို့ပါ....Bwအတွက် ကျေးဇူးပါ ကျန့်ကော"

" မလိုပါဘူး..လောင်ဝမ် ကို ကိုယ်တိုင် birthday wish လုပ်ပေးခွင့်ရတာပဲ ကျေနပ်ပါတယ်...ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နော်...။ ပြီးတော့...လောင်ဝမ်ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံး အေးငြိမ်းပြီး ပြီးပြည့်စုံလာဖို့ ဆုတောင်းပေးတယ်ဗျာ..."

" ကျန့်ကောရာ ..ကျနော် ပျော်လွန်းလို့ သေတော့မယ်ဗျာ"

သူ့အပြောကြောင့်....ကျန့်ကောက တသဲ့သဲ့ရယ်တယ်။

အင်း......မွေ့နေ့ဆုတောင်းလေးတစ်ခုကိုတောင် အသံတွေတုန်နေတဲ့အထိ ပျော်ရွှင်နေမိတဲ့သူ့ကို ရူးလိုက်တာလို့များ မှတ်ချက်ပေးနေမလား။

ဒါတောင် တဖျက်ဖျက် ခုန်နေမိတဲ့ သူ့ပုံစံကို ကောက မမြင်ရလို့သာ.....။

 BLACK HOLE ‼️(Complete)Where stories live. Discover now