18

4.7K 418 27
                                    


" နာကျင်ခံခက်ရင်း...မုန်းပစ်ချင်တဲ့..စိတ်ကို..တွယ်ကပ်ချင်နေသေးတဲ့..အတ္တတချို့က ခေါင်းနှိမ်ကြပြန်တော့....။

🍁ကျန့်ကောက Black Hole တစ်ခုလိုပဲ။

ကျနော်..အဲဒီ့မှာ ထားမိသမျှ ဘာတစ်ခုမှ ပြန်ယူလို့မရတော့ဘူး။🍁

မုန်းပစ်လို့မရရင်တောင်မှ.....ပြည့်လျှံထွက်နေသေးတဲ့ အချစ်တွေကို..မထားခဲ့ချင်ဘူး။

မလိုအပ်လို့ ပစ်ချမဲ့တူတူ..ပေးခဲ့မိတဲ့ အချစ်တွေကို ပြန်ရုပ်သိမ်းချင်ပေမဲ့....

💚တကယ်ပဲ..အချစ်က ဖြေရှင်းဖို့ နည်းလမ်းမရှိခဲ့ဘူး။💚

" ဘာလို့များ..ပျော့ညံ့လွန်းနေရတာလဲ"တဲ့။

ယောင်္ကျားဆိုတဲ့ ရိပေါ်လည်း လူပဲလေ။

လူတောင်မှ ကျန့်ကော အတွက်လိုအပ်တယ်ဆို ရင်ကိုခွဲပြီး  ဒီနှလုံးသားတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ယူပေးအပ်ချင်တာမျိုး...။

ကျန့်ကောသာ ပျော်ရွှင်ကျေနပ်ရမယ်ဆို......ပျော်ပျော်ကြီး သေပေးမဲ့အထိ ချစ်တဲ့လူမျိုး...။

ကောသာ အဆင်ပြေရမယ်ဆိုရင် ကိုယ်တိုင်ရဲ့..အတ္တမာန..နဲ့ ခံစားချက်အားလုံးကို ...neglect လုပ်ပြစ်ချင်တာမျိုး...။

အဲဒါကြောင့် အမှန်တရားကို တွေးမိတိုင်း နာကျင်ရတယ်။

ဘယ်လိုအကြောင်းပြချက်နဲ့ပဲ လက်ထပ်ရတယ်ပြောပြော

အခုလက်ရှိမှာ ကျန့်ကောက အိမ်ထောင်နဲ့ ဆိုတဲ့အသိကြီးရယ်...
သူ့ကို တကယ်မချစ်ခဲ့ပါဘူးဆိုတဲ့ စကားရယ်ကို ပြန်တွေးမိတိုင်း...ပြန်ကြားမိတိုင်း..ရိပေါ်ရဲ့စိတ်တွေက ထွက်ပေါက်ပိတ်ကြတယ်။

ညဘက်တွေရောက်တိုင်း ..မတွေးပဲ ဝင်လာတတ်တဲ့ ကျန့်ကောရဲ့ အကြောင်းတွေ ..တွေးလိုက်မိတိုင်း...လမ်းစရှာမရစွာ..မိုးလင်းခဲ့ရတဲ့ ညတွေက မရေတွက်နိုင်အောင်ကိုပဲ။

နှစ်ကူးရောက်တိုင်း ပျော်ရွှင်နေကြတဲ့ ကျန့်ကောမိသားစုကို မြင်ရင် အားလုံးကို စွန့်ပြစ်ပြီး ဖက်တွယ်ထားမိတဲ့ ကျန့်ကောကတောင် ရိပေါ်အနားမှာ ရှိနေမပေးနိုင်တာကို တွေးရင်း နာကျင်ရတာတွေက ရင်နဲ့ မဆန့်တာ ဘယ်သူသိမှာမို့လဲ။

 BLACK HOLE ‼️(Complete)Where stories live. Discover now