32

4.1K 366 5
                                    

ကြိုတင်မှန်းဆထားမိပေမဲ့...တကယ်တမ်းလက်တွေ့ကျကျ .ရင်ဆိုင်လိုက်ရတဲ့ နာကျည်းခြင်းတွေက ခါးသက်လွန်းလိုက်တာ။

ဟောဒီ့တစ်နေ့ကို ..မျှော်လင့်ရခြင်းတွေက..မုန်းတီးလာမဲ့နေ့ကို..စောင့်စားရတာနဲ့ မခြားနားခဲ့ပေမဲ့...သူတကယ်ကို တမ်းတခဲ့မိတယ်။

စိတ်ရဲ့..စေစားရာဖြစ်တည်မှုက..ဒီရင်ထဲကအစစ်အမှန်ကိုပဲ ခံစားသက်ဝင်ချင်မိလို့။

မုန်းသွားမှာကို သိပေမဲ့..တချိန်က အရမ်းချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်ဖြစ်...။

" ရှင်းပြခွင့်" ဆိုတာကြီးက...သိပ်ပြီးအရေးကြီးတယ်ထင်ခဲ့ပေမဲ့လည်း...တကယ်တမ်း..လောင်ဝမ် သတိရလာတဲ့အခါမှာ...ဘယ်ကစပြောပြရမှန်းမသိတာကလည်း..ဆိုးရွားလွန်းတယ်။

"ငါ့မင်းကို အဆုံးရှုံးမခံနိုင်လေညက်အောင်ကို ချစ်မိတာပါ.."ဆိုတာကလွဲပြီး...တခြားစကားလုံးတွေက ပျောက်ရှကြတဲ့အခါ...လောင်ဝမ့်ကို ငေးကြည့်နေရုံကလွဲပြီး..မတတ်နိုင်ခဲ့တော့ဘူး။

"လောင်ဝမ်...ကော..ကောလေ.."

" လာမထိနဲ့..။ ကျနော့်အသားကို လာမထိနဲ့ရှောင်းကျန့်..။ တစ်ယောက်တည်းပဲ နေချင်လို့ ထွက်သွားစမ်းပါ...။ ခင်းဗျားကို မြင်နေရတာ ဒီရင်တွေနာရလို့ ထွက်သွားပါဗျ..."

လက်ဖျားလေးကိုတောင် ဆုပ်ကိုင်ခွင့်မပေးပဲ...အသံတုန်တုန်တွေနဲ့ အော်ဟစ်နေတဲ့...ကောင်လေးကို...သူဘယ်လိုများ နှစ်သိပ့်ပေးရပါ့မလဲ...။

"လောင်ဝမ်ရယ်..."

သူ့ကို မမြင်ချင်ပါဘူး ဆိုတဲ့ အကောင်ပေါက်လေးက..သူတကယ် လှည့်ထွက်လာခဲ့ပြန်တော့...ဘာလ်ု့များ ရှိုက်ကြီးတငင်ငိုကြွေးနေရပြန်တာလဲ။

ကိုယ်တိုင်သာ..နှလုံးသည်းပွတ်တွေ ကြွေကျအောင် ခံစားငိုကြွေးလိုက်ချင်တဲ့အထိ...ကျိတ်ကျိတ်ပြီး ရှိုက်နေတဲ့ ကောင်လေးရဲ့ အသံက...စိတ်ကို ချောက်ခြားစေလွန်းပါတယ်။

မငိုပါနဲ့တော့ ။

ရင်ထဲက..နာကျင်မှု့နဲ့ ဒွန်တွဲနေတဲ့..မင်းရဲ့တမ်းတရခြင်းတွေက..ဒီရင်ကို ပိုနာကျင်စေရလို့။

 BLACK HOLE ‼️(Complete)Where stories live. Discover now