35

4.3K 320 7
                                    

" ကောဘဝမှာလေ....လောင်ဝမ့်ကို ချစ်သလိုမျိုး ဘယ်သူ့ကိုမှ မချစ်ဖူးဘူးဆိုတာ ယုံလား"

ယုံတာပေါ့ ဆိုတဲ့ စကားတွေက ရင်ထဲမှာသာ ပဲ့တင်ထပ်တယ်။

သိတာပေါ့။

ကျနော့်ကို ချစ်တဲ့ ခံစားချက်ကို ကျနော်တစ်ယောက်ကပဲ...ဖန်တီးဖြစ်ပေါ်စေခဲ့လို့လေ။

ကျနော်က ခင်ဗျားနဲ့ပတ်သက်ရင် သိပ်ပြီး ပျော့ညံ့လွန်းခဲ့တော့..ခင်ဗျားအတွက် သနားစရာသိပ်ကောင်းခဲ့တယ်မဟုတ်လား။

"မက်မက်မောမော အချစ်ခံရတာမဟုတ်ပဲ သနားလို့ ယိုဖိတ်လာတဲ့ ချစ်ခြင်းတစ်စကနေ..အမြစ်တွယ်လာတဲ့ သံယောဇဉ်တွေကို ..ဒီလိုပဲ ခေါင်းစဉ်တပ်လိုက်တာပဲလား ကျန့်ကော။ အဲ့ဒါ အချစ်မဟုတ်ဘူးဗျ ခင်ဗျားကျနော့်ကို သနားနေခဲ့တာ"

သု့စကားကြောင့် ကောက ခေါင်းကို အလောတကြီး ခါပြတယ်...။

" မဟုတ်ဘူး လောင်ဝမ်။ ကော ဝန်ခံပါတယ်။ လောင်ဝမ့်ကို စတွေ့တုန်းက ယန်းနဲ့ဆင်လို့..စိတ်ဝင်စားပြီး ရပ်ကြည့်နေခဲ့မိတာဆိုတာ။ဒါပေမဲ့......လှုပ်ရှားသင်ဝင်မှုတိုင်းကို..မြတ်နိုးခဲ့မိတာက မင်းဖြစ်နေလို့ကို..ရူးသွပ်ခဲ့ရတာ...ရင်ထဲက မြတ်မြတ်နိုးနိုး အချစ်ဆိုတာ..မင်းနဲ့မှ ခံစားနားလည်မိတာက ..တကယ်ပါကွာ။ "

"ယုံကြည်အောင် ကျမ်းကျိမ်ပြနေပေးဖို့မလိုပါဘူး ကျန့်ကော။..ရင်ထဲက..အစစ်အမှန်ကိုသာ...ကောကိုယ်တိုင် မြင်အောင်ပြန်ကြည့်နိုင်ဖို့ပါ။ အဲ့ဒီ့အတွက်ပဲ ဒီလို..ရပ်တန့်လိုက်တာမိုလို့...ကျနော် ကျေနပ်အောင် ပြောပေးနေစရာ မလိုပါဘူး"

"ကျနော် အဆင်ပြေပါတယ်" လို့တော့ မညာချင်တော့လို့ ထပ်မပြောဖြစ်တော့ဘူး။

ဘယ်လိုဖြစ်နေနေ...အဆုံးတွေထိ ကောအနားမှာ နေခွင့်ရနေမှာကိုပဲ ကြံဖန်ဖြေသိပ်နေတတ်ဖို့တော့..တကယ် ခက်ခဲလွန်းလို့ပါ။

" ခုထိ...ခုထိ ကောမှာ မင်းတစ်ယောက်ပဲ ရှိတာဆိုတာ မယုံသေးဘူးလား..လောင်ဝမ်။."

" ကျနော့်ကြောင့်နဲ့ ကောကို ထပ်မငိုစေချင်တာပါ..."

အဲဒီ့နေ့က....ကြားခဲ့ရတဲ့ ကောရဲ့ ရှိုက်သံသဲ့သဲ့ကို ခုထိ မေ့ဖျောက်လို့ မရနိုင်သေးဘူးရယ်။

 BLACK HOLE ‼️(Complete)Where stories live. Discover now