28

4.2K 366 9
                                    

မျက်လုံးနှစ်လုံးက ဖျတ်ကနဲ ပွင့်လာကြတယ်ဆိုတာနဲ့  ခပ်တင်းတင်းအဖက်ခံထားရတာကို ပထမဆုံး သတိထားမိတယ်...။

"ကျန့်-ကော"

ရိပေါ်ကို ခပ်တင်းတင်းဖက်ပြီး..နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျန့်ကောကြောင့်...ရိပေါ် လန့်သွားရတယ်...။

ကောက ဘာလို့ ရိပေါ်အခန်းထဲရောက်နေရတာလဲဆိုတာ စဉ်းစားမိတော့ မနေ့ညက အဖြစ်အပျက်တွေက ခေါင်းထဲတန်းစီ ဝင်လာကြတယ်။

ကျန့်ကော နိုးသွားမှာ စိုးတဲ့စိတ်နဲ့ ဝုန်းကနဲ ကုန်းမထမိပေမဲ့....ရင်ဘတ်ပေါ်က စောင်လေးကို အသာလှပ်ကာ အတွင်းထဲကို ချောင်းကြည့်မိတော့ ထင်လိုက်သလိုပဲ..နှစ်ယောက်လုံးအဝတ်ကပ်မနေဘူးပဲ..။

"အာ...."

အိပ်မက်နေတယ်ထင်ပေမဲ့...တကယ်ကြီးကိုပဲ ကျန့်ကောဖြစ်နေတာမို့...ရှက်နေတဲ့ကြားက ကျေနပ်သွားတဲ့ကောင်လေးက...ပါးတွေမို့တတ်လာတဲ့အထိ ပြုံးနေတယ်...။

ညက...ကိစ္စတွေ တစ်စဆီ ပြန်တွေးကြည့်မိတော့....

အနမ်းနွေးနွေးတွေနဲ့ အတူ စိမ်းသက်မနေတဲ့ အထိအတွေ့တွေက...မသိစိတ်ထဲက တစ်စုံတစ်ယောက်ကို တမ်းတလိုက်မိတာကို နောက်ဆုံးသိတယ်..။

အဲဒီ့လူဟာ ကျန့်ကော။

ဒါပေမဲ့....။

တကယ်တမ်း ...ဒီလူပါဆိုလာပြန်တော့...ရင်ဘတ်က အတိုင်းအဆမရှိ ခုန်ရသလို....နေရာသတ်မှတ်ပြလို့မရတဲ့ ..တစ်စွန်းတစ်စက တစစ်စစ်နာပြန်တယ်...။

စင်ပေါ်တက်မကခင်ကတည်းက နည်းနည်းမူးနေခဲ့တဲ့ ရိပေါ်ဟာ...စင်ပေါ်တက်သွားပြန်တော့...couple counter မှာ bar က မိန်းမတွေနဲ့ တွဲထိုင်နေတဲ့ ဒီလူကို တွေ့လိုက်တော့...ဘာကိုမကျေနပ်မှန်းလည်း မသိဘူး။

...အရွဲ့တိုက်ချင်စိတ်တွေကသာ ကြီးစိုးနေတာမို့.....အပေါ်ပိုင်တစ်ခုလုံးနီးပါး...ဖေါ်ပြီးကပြစ်ခဲ့တာ။

ပြီးတော့...။

Bar ပိုင်ရှင်ဖြစ်တဲ့.....ယန်း..ကိုယ်တိုင် cheer လာလုပ်တာမို့...မဆင်မခြင်...အထဲထိ လိုက်သွားပြစ်ခဲ့တာ...။

 BLACK HOLE ‼️(Complete)Where stories live. Discover now