6

6.2K 581 4
                                    

"ရိပေါ် ဧည့်သည်ရောက်နေတယ် "

Reception ကလှမ်းအကြောင်းကြားတာမို့ သင်တန်းသားတွေကို ဆက်လေ့ကျင့်ခိုင်းပြီး ရုံးခန်းဘက်ထွက်လာခဲ့တယ်။

ဘယ်သူများ လာပါလိမ့်။

ဒီမှာ အလုပ်ဝင်ပြီးမှ ရိပေါ်ဆီ လာတဲ့ဧည့်သည်မှ မရှိဖူးတာ။

" ကျန့်-ရှီ-ဖင်း"

ရုံးခန်းထဲ အခန့်သားထိုင်နေတဲ့ ရှီဖင်းကတော့ သူဟုတ်မှန်ကြောင်း ခေါင်းတညိတ်ညှိတ် လုပ်ပြနေတယ်။

" ခွေးကောင်...phone ကြိုမဆက်ဘူး"

" ဘာလဲ...ကြိုဆက်ရင် ရှောင်လို့ရမယ်ထင်နေလို့လား"

ရှီဖင်းအပြောကြောင့် ဗိုက်ကို လက်သီးတစ်လုံးပြစ်ကျွေးလိုက်တယ်။

" အား...ဝမ်ရိပေါ်...မင်းတကယ်လုပ်ရလားဟ"

ရှီဖင်းက သူ့ဗိုက်သူနှိပ်ရင်း အော်တယ်....။

ရိပေါ်က အရေးမစိုက်ပဲ ဘေးမှာဝင်ထိုင်လိုက်ကာ

"ပြောစမ်းပါအုံး...ပေကျင်းကို ဘာလာလုပ်တာလဲ.."

" Tick Tok လာရိုက်တာ"

"ဟမ်"

ရှီဖင်းအဖြေကြောင့်..သူ့မေးရိုးကြီး ဝက်ဝက်ကွဲ ပြုတ်ကျသွားတယ်။

စောက်ကျိုးနည်း။

" ဟဲနန်း ပြည်နယ်တစ်ခုလုံး ပတ်ရိုက်တာတောင် မလောက်ပဲ ပေကျင်းထိ ရောက်လာတယ်ဆိုတော့ အနှီ မောင်ရှီဖင်းကို လက်ဖျားရော ခြေဖျားရော နောက်ထပ် ရှိရှိသမျှ အဖျား အကုန်ခါပါပြီကွာ"

" မင်းမျက်ခွက်ကြီးကလည်း..! ငါတကယ်ပြောနေတာကွ..... ငါ TT မှာ Viewer များတာ မင်းလည်းအသိလေ.."

" သိတာပေါ့။ အရှက်မရှိ ပေါက်ပန်းလေးဆယ် လုပ်ပြနေတာ မသိပဲ နေမလား။"

" ပေါက်ပန်းဆေးမဟုတ်တာတွေ ပြောမနေနဲ့တော့..ဟိုမှာ ဝေလေလေ အလေလိုက်နေလို့ ..အလုပ်လုပ်ရအောင် အန်တီခေါ်လိုက်တာ ရိပေါ်ရေ"

ရုံးခန်းထဲဝင်လာတဲ့ MD အန်တီပင်းအပြောကြောင့် ရိပေါ် ပါးစပ်ကြီး အဆမတန်ဟသွားရတယ်။

" အန်တီနဲ့ ရှီဖင်းက"

"အန်တီပင်းက ငါ့အဒေါ်အရင်း...မားမားညီမအငယ်ဆုံး"

 BLACK HOLE ‼️(Complete)Where stories live. Discover now