36

4.2K 320 8
                                    

" မင်း အဆင်ပြေရဲ့လား ရှောင်းကျန့်"

ယွီဘင်းအမေးကို အပြုံးလဲ့လဲ့နဲ့ ခေါင်းညှိတ်ပြလာတဲ့ ရှောင်းကျန်ဟာ...သူ့ကလေးကိုတော့ အကြည့်မပြတ်ခဲ့ပါဘူး။

ဆိုင်ကယ် ပြိုင်ပွဲတုန်းက ရခဲ့တဲ့ ခြေထောက်ဒါဏ်ရာကြောင့်...သိပ်မြတ်နိုးတဲ့ အကကို စွန့်လွှတ်လိုက်ရတဲ့ ရိပေါ်ကတော့...ဇွဲမလျှောစွာ...ခြေထောက်လေးဖြည်းဖြည်းချင်းမရင်း...အကကျင့်နေလေရဲ့။
တချက် တစ်ချက် နာသွားလို့ ထင်ပါရဲ့။
မျက်နှာလေး ရှုံ့မဲ့သွားတိုင်း..ရှောင်းကျန့် ထိုင်နေရာက ဖင်တကြွကြွ ဖြစ်ရတယ်။
လမ်းလျှောက်သင်ကာစ ကလေးလေးကို စိတ်မချတဲ့ အမေကြီးလိုမျိုး...လက်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေတဲ့ ရှောင်းကျန့်ဟာ...သူ့ဘာသာ ချောင်းဆိုးလာရင်တော့..အသံမထွက်အောင် ကျိတ်ဆိုးတတ်သလို...အသက်ရှူထုတ်ရခက်ခဲလာတဲ့ ခဏတိုင်းလည်း..toilet ကိုသာ ရအောင်ပြေးနေတတ်တဲ့အခါမှာတော့...ယွီဘင်းမနေနိုင်ပဲ ထုတ်မေးမိတဲ့အထိ။

" မင်း ဆေးရုံသွားသင့်နေပြီ ရှောင်းကျန့်..။ ရိပေါ် သိရင်လည်း..ဒီလိုနေတာကို စိတ်ကောင်းမှာ မဟုတ်ဘူး။အခု ရိပေါ်နဲ့လည်း အားလုံးအဆင်ပြေနေပြီပဲကို...ဘာတွေ ထပ်စောင့်နေသေးတာလဲ"

ရှောင်းကျန့်နဲ့ ပြန်တွေ့ကတည်းက ရှောင်းကျန့် အကြောင်း..အကုန်သိနေတဲ့ ယွီဘင်းဟာ....အမြန်ဆုံး ကုသစေချင်ပေမဲ့....ရိပေါ်ပြန်လာမှ..ဆိုတဲ့ ဆင်ခြေနဲ့..ပေတေနေခဲ့တဲ့ ဒီလူ။

အခု ရိပေါ် ပြန်ရောက်လာပြန်တော့.လည်း...ဘာကို နောက်ဆံတင်းနေမှန်း မသိရ။
ရိပေါ်ဆိုသည်မှာလည်း...ဟိုးအရင်က ရှောင်းကျန့်ကို ကျကွဲတော့မဲ့ ဥတစ်လုံးလို ငုံထားမတတ် ဂရုစိုက်တတ်တာ မှန်ပေမဲ့...အခုကတော့ လားလားမှ ဆိုင်မနေတော့။

အတိတ်မေ့နေတဲ့ ကာလတွေက ဆိုးခဲ့တယ်ဆိုတာထက်ကို အခြေနေဆိုးတယ်ပြောရမလား။

ရိပေါ်ဟာ ရှောင်းကျန့်ကို အရင်လို သိပ်ဂရုစိုက်နေပုံ မပေါ်နေတဲ့အခါ....ကြားထဲက ယွီဘင်းမှာသာ..ပြောရခက် မပြောရခက်နဲ့ နေမထိ ထိုင်မရဖြတယ်။

" ခဏလေးပါ...။ လောင်ဝမ်က...တစ်ချိန်လုံး ပင်ပန်းနေခဲ့ရတာမိုလို့...စိတ်ရှုပ်စရာတွေ...ထပ်မပေးချင်သေးဘူး..။ အခုလောလောဆယ် လောင်ဝမ့်ခေါင်းထဲမှာ ငါ့ကိုချစ်နေဖို့ကလွဲပြီး တခြားဘာမှ မတွေးစေချင်လို့..။ပျော်နေတာလေး ပျောက်သွားမှာ စို့လို့ရယ်" တဲ့။

 BLACK HOLE ‼️(Complete)Where stories live. Discover now