14

5K 419 5
                                    

" phone ခေါ်နေတာ ကြာလှပြီ ဘာလုပ်နေရလို့ မကိုင်နိုင်တာလဲ"

Phone ကိုင်ကိုင်ချင်း အအော်ခံလိုက်ရတာမို့ လန့်ဖျန့်ပြီး ...နားနားကနေ phone  ကိုခဏ ဖယ်လိုက်ရတယ်...။

ကျန့်ကောက ရိပေါ်ဆီ အမြဲတမ်း တစ်နာရီခြားတခါလောက်ဆက်​လောက်ကို  phone ဆက်တယ်...။

ချက်ချင်းတန်းမကိုင်ရင်လည်း အခုလို ဘုဘောက်အော်ထည့်တတ်သေးတဲ့ ကျန့်ကောက မထင်ရင် မထင်သလိုလည်း...အလုပ်က လူတွေနဲ့ သဝန်တို အူပုတ်နေသေးတာ။

" Toilet သွားနေလို့ဗျ"

"Toilet သွားတာ phone ကို မယူသွားဘူးလား..ဘာလဲ မင်းက ငါခဏတိုင်းဆက်နေတာကို စိတ်ရှုပ်နေတာလား...မကြိုက်ဘူးလား"

တွေလား။

ကျန့်ကောဟာ ရိပေါ်ကိုဆို အဲလို အော်လိုက်ရ ရစ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အမျိုး။

Toilet မှာ ရှူးသွားပေါက်တာလေ။

ကျန့်ကောလို ရှူးကို အခန်းဆက်နဲ့ပေါက်ပြီး phone ကြည့်နေတဲ့ အကျင့်မှ မဟုတ်တာ...ဆိုတာကိုတော့ တကယ် ပြန်မပြောရဲဘူး။

Phone ဆက်လို့ အများကြီး ပြန်မပြောဖြစ်ရင်လည်း.."မင်းက ဘယ်သူ့ရှေ့မှာ ရှိနေလို့ ငါနဲ့ မပြောချင်ရတာလဲ" ဆိုတာမျိိုး...'။

"Phone တွေ ခဏ ခဏ ဆက်လို့...စိတ်ကုန်နေပြီလား"

ဆိုတဲ့ အမေးတွေက တဖုံ...။

တခါတလေ..သူ့ဘာသာ အိပ်မက်ထဲ ရိပေါ်က ဖေါက်ပြန်တယ်ဆိုတိုင်း..အပြင်မှာ တကယ်ကြီး စိတ်ဆိုးနေတတ်သေးတယ်။

ရိပေါ်  အလုပ်လာတဲ့ ခဏလေးကိုတောင် phone ဆက်တဲ့ အကြိမ်ရေတိုင်း ရိပေါ်ရဲ့ အသံအတက်အကျကို ခွဲခြမ်းစိတ်ဖြာပြီး ရစ်တယ်...။

ဒါတောင် အချိန်ရှိနေသရွေ့...Company 2ခုနဲ့ Cafe တစ်ခုနဲ့ မအားနိုင်လို့...။

အရက်ကထက် ပိုပြီး အူတို သဝန်ကြောင်လာတဲ့ကောက....တခါတလေ Weibo ပေါ်က ရိပေါ်ရဲ့ post
အောက်မှာ ရောက်လာတဲ့ react /comment တွေကြောင့် ရန်ဖြစ်ရ...စိတ်ဆိုးရတာလည်း ခဏ ခဏပဲ..။

ပတ်သက်ခဲ့ကြတာ ကြာလေလေ ရိပေါ်ထက်  ခြောက်နှစ်ကြီးပါတယ်ဆိုတဲ့ ကောက..တချို့ ကိစ္စတွေမှာ ...ရိပေါ်ထက်တောင် ခလေးဆန်းလွန်းနေသေးတယ်။

 BLACK HOLE ‼️(Complete)Where stories live. Discover now