30

4.5K 346 17
                                    

ပြိုင်ကွင်းထဲ နေရာယူထားတဲ့ရိပေါ်ဟာ....ပွဲကြည့်စင်ပေါ်က ကျန့်ကောရှိနေရာကို ခပ်စိုက်စိုက်လှမ်းကြည့်လိုက်တယ်။

သူ့နာမည်ပါတဲ့ Bannerကို ကိုင်ကာ ဝှေ့ယမ်းနေတဲ့လူကြီးက..ပါးစပ်ကလည်း"ဝမ်ရိပေါ် " ဆိုတာကို အာပြဲအောင် အော်နေပုံပါပဲ။

သူဆိုင်ကယ်ပြိုင်ချင်လို့ စပြောတဲ့နေ့တုန်းကတော့....တစ်ခုခုဖြစ်မှာ စိုးရိမ်နေတဲ့ပုံနဲ့ ကန့်ကွက်ချင်နေသေးတဲ့ ကောက...တကယ်တမ်းတော့...ရိပေါ်ဆန္ဒကို မငြင်းဆန်နိုင်ခဲ့ဘူးထင်ပါရဲ့။

ပြိုင်ကွင်းမှာ လေ့ကျင်နေတဲ့ တစ်လျှောက်လုံး...အလုပ်များတဲ့ ..ကျန့်ကောက သူ့အနားမှာ အတူရှိနေပေးခဲ့တယ်...။

ဒီနေ့ ပြိုင်ပွဲမှာလည်း...team ကလူတွေရှေ့မှာ သူ့ခေါင်းကို ဖွဖွလာနမ်းတာမို့....ရိပေါ် နည်းနည်းရှက်ရပေမဲ့....ကျေနပ်နေတာလေ...။

Helmet ကို ကိုယ်တိုင်ဝတ်ပေးရင်း....ဂရုစိုက်ဖို့ဘအထပ်ထပ်မှာနေတာ မပြီးနိုင်တာမို့......ကွင်းတစ်ခုလုံးက သူ့ဆီသာ စုပြုံအာရုံရောက်နေကြတော့မှာ...။

ပြောနေကြသလိုပဲ...ကျနော်က အချစ်ခံလေးတစ်ယောက်လားဆိုတာ သေချာမသိပေမဲ့...ဒီလူနဲ့ ပတ်သက်သမျှ ရခဲ့ဖူးတဲ့ memories အားလုံးကတော့ အမှတ်တရတွေနဲ့....ချိုမြိန်တဲ့ အခိုက်အတန့်တွေချည်းပဲတဲ့..။

" fighting လောင်ဝမ် " ဆိုတဲ့ စကားက Calfovit ဝက်အသားတိုးဆေးလို ခပ်မြန်မြန်ပဲ..စိတ်ဓါတ်ရဲ့ ခွန်အားတွေကို ကြီးထွားပွဖေါင်းစေသလိုပေါ့...။

ဒီလူတစ်ယောက်ရဲ့...အကြည့်နွေးနွေး အပြုံးလဲ့လဲ့လေးတစ်ခုကိုတောင် ..ယစ်မူးသာယာချင်နေကြတဲ့ စိတ်အလျဉ်က...ဘယ်လောက်တောင်..ဂုဏ်ဆာနေမလဲဆိုတာ ..ကိုယ့်ဘာသာတောင်...တွေးကြည့်လို့မရတော့ဘူး။

" ကျန့်ကောကို သိပ်ချစ်တယ်"

ဝမ်ရိပေါ်ရဲ့ opening gate ဟာ ဘယ်ဘုရားကိုမှ ဆုတောင်းမနေသလို..ဘယ်မိဘကိုမှလည်း ဦးချမနေပဲနဲ့...ခပ်ဖွဖွ ရေရွတ်သံဟာ ဒီလူဖြစ်နေတယ်တဲ့။

ဒီလူဟာ ဘယ်တုန်းကများ...သူ့အတွက်ဘေးမသီရန်မခတဲ့..အဆောင်လက်ဖွဲ့ဖြစ်သွားခဲ့ရတာပါလိမ့်။

 BLACK HOLE ‼️(Complete)Where stories live. Discover now