49

5.1K 341 22
                                    

" အူးဝါး...ဝ့ါး...သားရေခဲချောင်း"

အိမ်ရှေ့ခန်းက စူးကနဲထွက်လာတဲ့ ပေါင်ပေါင်းရဲ့ ငိုသံကြောင့်....လချုပ်တွေ စစ်နေရင်းနဲ့...ရှောင်းကျန့် ..အိမ်ရှေ့ခန်းဘက် ထွက်လရတယ်။

ဝါးပြားတုတ်လေးမှာ အနည်းငယ်သာ ကျန်တော့တဲ့ ရေခဲချောင်းကို ကိုင်ပြီး ငိုနေတဲ့ ကလေးနဲ့ ...ဆိုဖါ​ပေါ်ခြေတစ်ဖက်ချိတ်ထိုင်လို့....ခပ်ချေချေ ပြူးကြည့်နေတဲ့ လောင်ဝမ့်ပုံကို မြင်လိုက်တာနဲ့....အခြေနေကို ရှောင်းကျန့် သဘောပေါက်လိုက်တယ်။

"လောင်ဝမ်...."

" ဒယ်ဒီ...ဒယ်ဒီ..ပါပါးက..သားရေခဲချောင်းတွေ အကုန်ကိုက်ပလိုက်တယ်..အီးဟီး"

ရှောင်းကျန့်ကို မြင်တာနဲ့ ပေါင်ပေါင်းက အားကိုးတကြီး တိုင်တော့တယ်။

" ပေါင်ပေါင်းဘာသာ...အရင်လာကျွေးတာလေ"

"ပါးပါးကို သနားလို့လေ...လည်ပင်းနာနေလို့ ဒယ်ဒီက ဝယ်မကျွေးပေမဲ့...သားက သနားလို့...နည်းနည်းလေးပဲ..စားခိုင်းတာကို"

" ဒါဆို.....ရေခဲချောင်းကို မတည့်ပဲ စားတာကိုရော...ပေါင်ပေါင့်ကို အနိုင်ကျင့်တာပါပေါင်းပြီး..ပါပါးကို အပြစ်ပေးစေချင်တာလား"

ရှောင်းကျန့်ရဲ့ အမေးကြောင့်...ပေါင်ပေါင်..ခဏလောက်ငြိမ်သွားကာ....သူ့ရေခဲချောင်းတုတ်လေးကို ငိုမဲ့မဲ့ကြည့်တယ်။

ပြီးတော့...လက်သေးသေးလေးတွေနဲ့...မျက်ရည်တွေ ပွတ်သုတ်ကာ...

" ပါပါးက သားကို အနိုင်ကျင့်တာ မဟုတ်ပါဘူး...သားက ကျွေးလို့ စားမိတာပါ" တဲ့။

ပေါင်ပေါင်းဖြေသံကြားတော့...လောင်ဝမ်က ခိွကနဲ ခိုးရယ်တယ်။

ရှောင်းကျန့် သိတာပေါ့။

ပေါင်ပေါင်က ...သူ့ပါပါးကို ..အထိခံမှာ မဟုတ်တာကို။

သူ့ခေါင်းက ဆံပင်ငုတ်စိကို  သူ့ပါးပါးလို ...အပြာရောင် ကာလာဆိုးပြီး...ဂျယ်လ် လိမ်းချင်တာကနေစလို့...ပါပါး..လို စကိတ်ဘုတ်ပိုက်ပြီး လမ်းထွက်ချင်နေသေးတဲ့...ဒီကလေးက...သူ့ရဲ့...မဟာ့ ...မဟာ...idol ကြီးပါပါးရိပေါ်ကို လေသံမာမာနဲ့တောင် သူ့ရှေ့မှာ ပြောရင်မကြိုက်ဘူးဆိုတာကိုပေါ့။

 BLACK HOLE ‼️(Complete)Where stories live. Discover now