2

11.3K 789 4
                                    


ကံကြမ္မာကြီးက သိပ်မျက်လှည့်ဆန်တယ်ပြောရမလား။

ရိပေါ်ကို ဝင်တိုက်မိတဲ့ကားက ကျန့်ကောတဲ့လေ။

တခြားကြီးကြီးမားမား မထိခိုက်ပေမဲ့ ခြေသလုံးရိုးအက်သွားတာမို့ ရိပေါ်ရဲ့ မျှော်လင့်ချက်တွေ ပထမဆုံး ပျက်စီးရတယ်။

ရိပေါ် သိပ်လုပ်ချင်ခဲ့တဲ့ dance trainer အလုပ်ကို လက်လွှတ်လိုက်ရပြီ။

ဒါပေမဲ့လည်း အနားမှာရှိနေသေးတဲ့ လူတစ်ယောက်ကြောင့် နည်းနည်းလေးမှ စိတ်မပျက်မိပြန်ဘူး။

"ပြန်ဆုံတာတောင် နာကျင်မှုနဲ့ အစပြုပေးရလား ""လို့ ကံတရားကို အော်ဟစ်မေးချင်ခဲ့ပေမဲ့..
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနားမှာ ပေါ်လာတာကိုပဲ ကျေးဇူးတင်ပါတယ်။

တကယ်လို့ ပြန်ဆုံဖြစ်ကြရင်ဆိုတဲ့အတွေးနဲ့ စိတ်ထဲမှာ တေးထားခဲ့ဖူးတဲ့ မေးခွန်းတွေ....။

" ကျနော့်မှာ ဘာအပြစ်ရှိလို့ မပြောမဆိုထားသွားရတာလဲ"

" ကျန့်ကော မကြိုက်တာ ကျနော် ဘာများလုပ်မိလို့လည်း"

ရေတွက်လို့တောင် မရနိုင်တဲ့ မေးခွန်းတွေက......တကယ့်တကယ် မျက်နှာချင်းဆိုင်ရှိနေတဲ့အခါမှာတော့...ထင်သလောက် လွယ်ကူမနေခဲ့ဘူး။

မတွေ့ရတဲ့ 2နှစ်အတွင်းမှာ ကျန့်ကောက ဘာမှပြောင်းလဲမသွားခဲ့ဘူး.....။

over size tee လက်ကျ ပွပွ ပန်းရောင်လေးနဲ့ ဘောင်းဘီတို အနက်လေး ဝတ်ထားတဲ့ ကောက အရင်လိုပဲ ကြည့်ကောင်းနေတုန်း။

စတွေ့တုန်းကလိုပဲ....တဖျက်ဖျက်လက်နေတဲ့ platinum ကြိုးပါးပါးလေးလည်း ကောလည်ပင်းမှာ ရှိနေတုန်းပဲ....။

စတွေ့တုန်းကလိုပဲ....ကောရဲ့ လက်သည်းကြည်ကြည်လေးတွေက...မဆိုသလောက်လေး ရှည်နေကြတုန်းပဲ....။

ကျနော်ဟာ နာကျင်နေရတဲ့ကြားက .....ကောနဲ့ ပတ်သတ်လာရင် အဲ့ဒီ့လိုအသေးစိတ် မှတ်မိနေမိတုန်းပဲတဲ့....ကောရယ်...။

" ရိပေါ်လည်း စိတ်ချရပြီပဲ ရှောင်းကျန့်ကော....ကိစ္စရှိရင် ပြန်လေ.."

တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ဘာစကားမှ မဆိုနိုင်ကြတဲ့ နှစ်ယောက်ကို စိတ်မသက်သာစွာကြည့်ရင့် ယွီဘင်းပြောတော့
ရှောင်းကျန့်က မျက်နှာအရင်စပြီး လွှဲတယ်။

 BLACK HOLE ‼️(Complete)Where stories live. Discover now