50(End)

9.3K 403 33
                                    

"ခင်ဗျာ...။ဟုတ်...ဟုတ်ကဲ့...ကျနော်တို့ အခုပဲ လိုက်လာပါမယ်"

ရိပေါ်ရဲ့ အမူအယာကြောင့် ကျန့်ကောက ဘေးကနေ ...မျက်မှန်တဝင့်ဝင့်နဲ့ ..."ဘာဖြစ်တာလဲ " ဆိုပြီး မေးတယ်။

"ကျန့်ကော...။ပေါင်ပေါင်းက..ကျောင်းမှာ ရန်ဖြစ်လို့တဲ့"

"ဟင်"

ရိပေါ်စကားဆုံးတာနဲ့...ရှောင်းကျန့် အံဩတကြီးဖြစ်သွားရတယ်။

သားက တော်ရုံ ရန်ဖြစ်တတ်တဲ့ ကလေးမဟုတ်ပါပဲနဲ့လေ။

မူကြိုကနေ အခု အထက်တန်းရောက်တဲ့အထိ...ပေါင်ပေါင်းရန်ဖြစ်လို့ ကျောင်းက ခေါ်ခံရတာမျိုးက ..လက်ချိုးရေလို့ ရနေသေးတဲ့ဟာကို။

" လာပါမြန်မြန်။ သားက ထိခိုက်သွားသေးလားမသိဘူး"

"အေး...အေးပါကွာ"

အပေါ်ထပ် အကျီ ကောက်စွပ်ရင်း ပြေးထွက်သွားတဲ့ လောင်ဝမ် စကားကြောင့် ရှောင်းကျန့် အတွေးစကို ဖြတ်ကာ လောင်ဝမ်နောက်က...လိုက်ရတယ်။

" သားက ဘာလို့ ရန်ဖြစ်တာတဲ့လဲ"

"ဘယ်သိမှာလဲ..။ ကျန့်ကောသားကို ကိုယ့်ဘာသာ မေးကြည့်ပါလား"

"မင်း..အခုကျတော့ ကျန့်ကော သားဖြစ်ပြီပေါ့..ဟုတ်လား"

" ကျန့်ကော သားမဟုတ်ရင် ဘယ်သူ့သားလဲ..။ ကျနော်က...air pressure pump ကို ကိုယ့်ဘာသာ ဖင်ဝတေ့ပြီးမွေးထားရတဲ့ သားလား ပြော"

ရှောင်းကျန့်နဲ့ ရိပေါ် စကားအဆီအငေါ်တည့်တည့် ပြောမထွက်တိုင်း ပေါင်ပေါင်းကစတာချည်း။

ခုလည်း ရှောင်းကျန့်မေးတာ ဒေါသထွက်စရာမဟုတ်ပဲနဲ့....သူ့ဘာသာ သားကို စိတ်ပူတာရော...ရန်ဖြစ်လို့ စိတ်တိုတာပါရောပြီး ရှောင်းကျန့်ကို လာမဲနေတာမို့....တိတ်နေလိုက်ရတယ်။

ရှောင်းကျန့် သက်ပြင်းသာ ကျိတ်ချရင်း...သားဆီ phone ခေါ်လိုက်တယ်။

"လူကြီးမင်းခေါ်ဆိုသော...."

စက်ပိတ်ထားတယ်ချည်း ပြောသံကို နားထောင်းရင်း.....ကားကို အမြန်နှုန်းနဲ့ မောင်းနေတဲ့ လောင်ဝမ်ဆီ ခပ်စွေစွေ ခိုးကြည့်မိတယ်။

 BLACK HOLE ‼️(Complete)Where stories live. Discover now