7

6.3K 567 10
                                    

အားကြီးနဲ့ ကားထဲပြစ်သွင်းခံလိုက်ရတဲ့ ရိပေါ် lover seat မှာ ခွေကနဲဲပဲ....။

"ပြော....ပြောစမ်းပါအုံး...ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ 2way စံစားရတဲ့ feelings လေးကို.။"

ရင့်သီးရိုင်းစိုင်းလွန်းတဲ့ ကောစကားက ရိပေါ် သိက္ခာကိုပါ ထိလာပြီမို့ ထအော်မိတယ်။

"ကျန့်-ကော"

"ဘာလဲ။ အရှိုက်တည့်တည့်ထိသွားလို့လား....။
ဒါဆို မင်းပြောလေ...အဲဒီမိန်းမ ..မင်းပါးကို ကိုင်နေတာကို မသာယာပါဘူးလို့....အဲဒီကောင်ကို ဘေးနားထားပြီး...ငါ့ကို မေ့နိုင်အောင် ကြိုးစားမနေပါဘူးလို့"

" မဟုတ်ဘူးကျန့်ကော။ မိန်မိန်းက ကျနော့်ပါးက နံနံပင်ကို ဖယ်ပေးနေတာ...ပြီးတော့ ကျနော်က ဘယ်သူ့ကို ဘေးနားထားပြီး ကောကို မေ့ဖို့ ကြိုးစားနေမိလို့လည်း"

နားမလည်စွာ မေးမိတယ်။

မိန်မိန်နဲ့ကိစ္စက အထင်လွဲတာ လက်ခံလို့ရပေမဲ့ ကောရဲ့ နောက်ဆက်တွဲ စကားတွေကို သူတကယ် နားမလည်ဘူး..။

".မင်းဘေးက အင်္ကျီ အနက်နဲ့ကောင်လေ..သူမင်းကို ဘာတွေ ဘယ်လောက်တောင် ဖွင့်ပြောခဲ့ပြီးပြီလဲ"

ရိပေါ် အင်္ကျီ ရင်ဘတ်ကိုဆောင့်စွဲကာ အနားကပ်အော်နေတဲ့ ကောမျက်နှာက...ဒေါသကြောင့် နီလို့။

သူတောင်မသိလိုက်ပဲ....ဘယ်အရာကများ...မှားယွင်းသွားပြန်ပါလိမ့်...။

"......"

ရိပေါ် နဝေတိမ်တောင်နဲ့ ဘာပြန်ပြောရမှန်းမသိတော့ဘူး...။

ကောရဲ့ ဒေါသတွေ အော်ဟစ်သံတွေကို သူမကြားခဲ့ဖူးတာ...ဘယ်လောက်တောက်မှ ကြာခဲ့ပြီလဲ မသိရပေမဲ့....အခု ပြန်တွေ့ရ ကြားရပြန်တော့လည်း...အရင်လို...... စိုးရိမ်ကြောက့်လန့်နေမတုန်းပဲတဲ့...။

"...."

မေးရိုးတွေ ထင်းနေအောင် အံကျိတ်ထားတဲ့ ကောရဲ့အနီးကပ်မျက်နှာဟာ...ချောလွန်းနေပေမဲ့....ကြောက်စရာလည်းကောင်းနေသေးတယ်...။

" ကော..."

ရိပေါ်ဘေးမှာ အင်္ကျီ အနက်ဆိုလို့ ရှီဖင်းပဲရှိတာ။

 BLACK HOLE ‼️(Complete)Where stories live. Discover now