" အဲဒီ့လူက အရင်က ငါနဲ့ပတ်သတ်ဖူးတာလား"
ပြတင်းပေါက်မှတစ်ဆင့်..ဆေးရုံဝန်းဝင်ပေါက်ကို ငေးကာ..ရုတ်တရက်ထမေးမိတယ်။
ဆေးရုံက ဆင်းခွင့်ရပြီဖြစ်လို့..ပစ္စည်းတွေသိမ်းနေတဲ့ ရှီဖင်းက..သူ့အမေးကြောင့် ခဏငြိမ်သက်သွားရင်းမှ"ဘယ်သူလဲ" တဲ့။
ရှီဖင်း တမင် မသိဟန်ဆောင်ပြီး ထပ်မေးနေမှန်း သိပေမဲ့..
" ကျန့်ကော .....ဆိုတဲ့လူ"
အသေအချာ ထပ်ပြောတယ်။
" ကျန့်ကော" ဆိုတဲ့ အမည်တစ်ခုကို သူ့နှုတ်က ရေရွတ်မိတဲ့ခဏ....အမည်မသိတဲ့..ခံစားချက်တစ်မျိုးက..ရင်ဘတ်ထဲ လှိုက်ကနဲ။
စတွေ့ရတဲ့နေ့ကစလို့..အတွေးထဲက ထုတ်မရတဲ့ အဲဒီ့မျက်နှာတစ်ခုက..တွေ့လိုက်တိုင်းလည်း...ရင်ဘတ်ထဲ မွန်းကျပ်နာကျင်နေရတာက ဘာကြောင့်မှန်းမသိဘူး။
"မင်းနာကျင်ရတယ်ဆို..ထပ်ပြီး ရောက်မလာပါဘူး" ဆိုတဲ့ အဲဒီ့လူက တကယ်ပဲ ရောက်မလာပြန်တော့တဲ့အခါမှာတော့....သူ့ရဲ့စိတ်က..တမ်းတမိသလိုလို.....ဝမ်းနည်းရတာလိုလိုနဲ့...သူကိုယ်တိုင်လည်း ဘာမှန်းနားမလည်နိုင်ခဲ့ဘူး။
ဒါပေမဲ့......မသိစိတ်ရဲ့မျှော်လင့်ချက်တစ်ခုနဲ့...ဆေးရုံဝင်ပေါက်ကိုတော့...အမြဲငေးကြည့်နေခဲ့ဖူးတယ်။
ရှီဖင်းကလွဲလို့...တခြားဘာမှ မသိတဲ့သူ့အတွက်..ဒီလူက တကယ်ပဲ..သူ့အာရုံဏ်တွေကို စွက်ဖက်လွန်းတယ်။
" အင်း.....။ မင်းမမှတ်မိတဲ့ မှတ်ညာဏ်တွေထဲက တစ်ယောက်ပေါ့"
" ဒါပေမဲ့...ဒီလူက ငါ့အတွက် ထူးခြားလွန်းတယ်.."
ပြတင်းပေါက် ရှေ့မှာ ခပ်တောင့်တောင့် ရပ်နေတဲ့ ရိပေါ်ကျောပြင်ကို ကြည့်ကာ ရှီဖင်း သက်ပြင်းချတယ်။
" မင်းသတိရလာတဲ့အခါ...နားလည်လာမှာပါ"
"......."
ရိပေါ် ဘာမှ ပြန်မပြောဖြစ်ဘူး။
ကိုယ့်ဘဝအမှန်ကို ပြန်မှတ်မိချင်ပေမဲ့...မသိစိတ်ရဲ့..နေရာတစ်ခုကလည်း တစ်စုံတစ်ခုကို ဆိုးဆိုးဝါးဝါး ကြောက့်ရွံ့နေသေးတယ်။
YOU ARE READING
BLACK HOLE ‼️(Complete)
Fanfiction🍁🍁ခင်ဗျားက Black Hole ပဲ။ ကျနော် အဲဒီ့မှာထားမိသမျှ ဘာတစ်ခုမှ ပြန်ယူလို့ မရတော့ဘူး။ #Wangyibo💚 🍁🍁............?? #XiaoZhan❤️