40

4.5K 402 24
                                    

" ဘာအတွက်လဲ ကော"

ရိပေါ်အမေးကို ခေါင်းသာယမ်းပြရင်း ရိပေါ်ရဲ့ ဘယ်ဘက်လက်လေးမှာ လတ်ပတ်လေးကို ပြီးအောင်ဝတ်ပေးလိုက်တယ်။

" လောင်ဝမ့်အနာရွတ်လေးကို ကောအချစ်တွေနဲ့ဖုံးပေးထားချင်လိူ့"
" ......"
Rastaclat. ရဲ့ အနီရောင်ကြိုးလေးနဲ့ Z. စာလုံးလေးထွင်းပေးထားတာလေးကို ပွတ်သပ်ကြည့်နေတဲ့ ကောင်လေးက...ဖွဖွလေးပြုံးတယ်။

AN>>Sample photo

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

AN>>Sample photo

နောက်ပြန်ဆုတ်လို့ရနိုင်မယ်ဆို..ကိုယ်နဲ့ပတ်သတ်တဲ့ အနာတရတွေ.မကြုံဖူးရအောင်..ကြိုးစားချင်မိပါရဲ့။
ရိပေါ်အတွက် သေရာပါဆိုတဲ့အထဲမှာ...နှလုံးသားနုနုထက်က ဒါဏ်ရာတွေအပြင်..အဲ့ဒီ့ပြတ်ရှရာတစ်ခုနဲ့ လက်ကောက်ဝတ်လေးက ရှောင်းကျန့်ရင်ကို နောင်တအထပ်ထပ်နဲ့ နာကျင်စေနိုင်လွန်းလို့။

စျေးကြီးလွန်းတဲ့ brand မဟုတ်ပေမဲ့..ဒါဏ်ရာလေးဖုံးသွားတာမို့...ရှောင်းကျန့်...ကျေနပ်သွားရတယ်။

" ကျေး...ကျေးဇူးပါ ကျန့်ကော.."

ကန့်လန့်ဖြတ် အနာရွတ်လေးပေါ် ဖုံးအုပ်နေတဲ့ ပိုးကြိုးအနီရောင်လေးကို ဖွဖွပွတ်ရင်း....ရိပေါ် ရင်ထဲ...နင့်ကနဲ နာရတယ်။

နာကျင်ခဲ့ရတာ သူတစ်ယောက်တည်းလို့ ထင်ပြီး...လောကကြီးကို အရှုံးပေးဖို့ တွေးခဲ့မိတဲ့သူက သိပ်တစ်ကိုယ်ကောင်းဆန်လွန်းခဲ့တာပဲ...။

ကောဘက်ကို နည်းနည်းမှ တွေးမပေးခဲ့ဘူးမို့လား...။

အမာရွတ်သာကျန်တော့တဲ့ ဒါဏ်ရာက ရိပေါ်ကို မနာကျင်စေရတော့ပေမဲ့....ဒါကိုမြင်တိုင်း ကောနာကျင်နေရတာကို ဘာလို့များ မတွေးပေးမိခဲ့တာတဲ့လဲ...။

 BLACK HOLE ‼️(Complete)Where stories live. Discover now