10

5.5K 443 17
                                    

" မင်း..နည်းနည်းတော့ အနားယူသင့်တယ် ရိပေါ်။ "

ရှီဖင်း အပြောကို ညစ်ကျယ်ကျယ်အပြုံးနဲ့သာ တုန့်ပြန်ရင်း ရှီဖင်း ကမ်းပေးတဲ့ ရေဗူးကို ဖွင့်သောက်လိုက်တယ်။

နေ့ခင်းဘက်ကို သင်တန်းသားတွေသာ တစ်ဖွဲပြီးတစ်ဖွဲ့ပြောင်းသွားပေမဲ့ ဒိုင်ခံtrain ပေးနေတဲ့ ရိပေါ်က ခဏလေးတောင်မှ မနားဖြစ်ဘူး။

Training ကအပြန် ညနေဘက်ကို skate ကွင်းမှာ ရှိနေတတ်ပြီး..ညဘက်တွေကို Cycle Racing ကွင်းရောက်နေတတ်တဲ့ ရိပေါ်က တခါတလေ ညဘက်မအိပ်ဖြစ်တာတွေပါ ရှိလာသေးတယ်။

ခန္ဓာကိုယ်က စိတ်ကို လွန်ဆန်ကာ နာကျင်လာရတိုင်း..သူခွေလဲပြစ်ချင်တယ်...။

ဒါပေမဲ့...

စိတ်ကို ခဏလေး...အနားပေးလိုက်တာနဲ့ ရောက်လာကြတဲ့ အတွေးတွေကို ကြောက်လို့ .။

အရင်တစ်ခါလို ထပ်ပြီး ပြိုလဲရမှာ ရိပေါ်ကြောက်တယ်။

အာရုံထဲကို ရှောင်းကျန့်ဆိုတဲ့ လူတစ်ယောက် ဝင်လာလို့မရအောင် ရနိုင်သမျှ နဲ့ တားဆီးပိတ်ဆို့နေမိတယ်....။

နှလုံးသားရဲ့ တမ်းတခြင်းကို ..ဦးဏှောက်က ဖိနှိပ်ဆန့်ကျင်ကြတဲ့အခါတိုင်း
ဆောက်တည်ရာမရပဲ ကြေကွဲရတဲ့ဒါဏ်ကို သူကြောက်တယ်။

တခါတလေ မဟုတ်ပဲ နာနာကျင်ကျင် လွမ်းဆွတ်ရတဲ့ စိတ်က သုံးလ ဆိုတဲ့ အချိန်တွေသာ ကြာသွားတာ။

မနေ့ကလိုပဲ ဒီနေ့လည်း ထပ်ပြီး လွမ်းရတယ်။

မနက်ဖြန်လည်း ဆက်လွမ်းနေရမဲ့အဖြစ်ကို ဖျက်စီးဖန်တီးလို့မရတိုင်း..ခန္ဓာကိုယ်ကိုယ်သာ နာကျင်အောင် လုပ်ရင်း ..သူ့ရဲ့ နေ့ရက်တွေကို ခြောက်ကပ်ကပ်နဲ့ဖြတ်သန်းမိတယ်..။

မဖြစ်နိုင်တော့ဘူးရယ်လို့ ရင်နာနာနဲ့ စွန့်လွှတ်လိုက်ရတဲ့ တမ်းတခြင်းတွေက အဆုံးမရှိဖြစ်ရတိုင်း...သူ့စိတ်ကို ဇဝေဇဝါ ဖြစ်စေတယ်။

ကျန့်ကောနဲ့ ပတ်သက်လာရင် .ဖြေရှင်းချက်တွေမလိုဘူးထင်ခဲ့မိတဲ့ ရိပေါ်က ဒီတစ်ကြိမ်တော့...ကောရှင်းပြတာကို ကြားချင်နေမိသေးတဲ့ကိုယ့်ကိုယ်ကို ရွံမုန်းလိုက်တဲ့ ဖြစ်ခြင်းဆိုတာလေ...။

 BLACK HOLE ‼️(Complete)Where stories live. Discover now