48

4.5K 316 11
                                    

ဧည့်သည်တွေ မရှိတော့တာနဲ့..ယွီဘင်းတို့အုပ်စုက..ကျန့်ကောကို လာဆွဲခေါ်ကြသွားကြတာမို့.....အနောက်ကနေ လိုက်ရင်း..ခြံထဲကနေ အိမ်ထဲလှမ်းဝင်လိုက်တဲ့ ရိပေါ်ကို ရှီဖင်းတို့အုပ်စုက...အိပ်ပေါက်ဝကနေ စုပြုံကာတားဆီးထားကြတယ်။

"ကျန့်ကောရော"

ကျန့်ကောကို လှမ်းမျှော်ကြည့်ရင်း မေးတော့..

"မင်းလင်ကို ..ရောင်းမစားဘူးဟေ့ရောင်။ ပေးစရာရှိတာ ပေးလိုက်။ မဟုတ်ရင်..ဒီညတော့ မင်းတို့နှစ်ကောင်...ကမ္ဘာ...ကမ္ဘာအဝေးဖြစ်သွားမယ်"

ရှီဖင်းစကားကိုကြားတော့ ရိပေါ်မျက်နှာမအီမလည်ဖြစ်သွားတယ်။

ဒီနေ့က ရိပေါ်နဲ့ ကောရဲ့ မင်္ဂလာပွဲနေ့။

မနက်ပိုင်း ရုံးတက်လတ်မှတ်ထိုးကာ...မိဘတွေကိုကန်တော့ပြီး...အကျဉ်းရုံးသာ..စီစဉ်လိုက်တဲ့ပွဲလေးပါပဲ။

ညနေပိုင်းကတော့....

မဖြစ်မနေ ဧည့်ခံပေးရမဲ့...သူတွေကရှိနေသေးတာမို့...ကောရဲ့ ..ကျန်းမာရေးနဲ့ ကိုက်ညီတဲ့...လူနည်းနည်းသာပါတဲ့...private party လေး ပေါ့။

ပွဲက အကျဉ်းရုံးဆိုပေမဲ့...လူများရင် စိတ်ရှုပ်တတ်တဲ့ရိပေါ်က....ပင်းပတ်းလိုက်တာဆိုတာ ခေါင်းဆွေပါ ကိုက်လာတယ်..။

သူတောင် ဒီလောက်ပင်ပန်းနေရင်...နေကောင်းကာစ ကျန့်ကောက ပို့လို့တောင် ပငိပန်းတေတော့မှာ ရိပေါ်သိနေတယ်...။

ဒါကြောင့်...ဧည့်သည်တွေကုန်တာနဲ့...ကောနဲ့အတူ.....နားရမလားမှတ်တယ်..။

အဖျတ်ကောင်တွေက ထကြွလာပြီလေ။

ပင်ပန်းနေမဲ့ ကောမျက်နှာလေးကို..တယုတယ ငေးကြည့်ချင်နေတဲ့ သူ့ကို...ဝိုင်းဝန်းနှိပ်စက်နေကြတဲ့..နှစ်တစ်ထောင် FA အုပ်စုကို..မသထာ​ပေမဲ့...
မရမချင်း ပိတ်ထားကြမဲ့ပုံပေါက်တာမို့...ရိပေါ် စိတ်လျှော့လိုက်ရတယ်။

" မင်္ဂလာလေး တစ်ခါဆောင်ရပါတယ်...သူဒေါင်းစားFAအုပ်စုကို စွန့်ကြဲနေရတာနဲ့...အိုသေတော့ရမှာပဲ"

ပါးစပ်ကလည်း ပွစိပွစိရေရွတ်ရင်း..အိတ်ကပ်ထဲက card တစ်ခု ထုတ်ပေးလိုက်မှ ...ရှေ့ကနေ ပိတ်ရပ်နေကြတာကနေ လွတ်တယ်။

 BLACK HOLE ‼️(Complete)Where stories live. Discover now