31

4.1K 328 11
                                    

အရောင်စုံနေတဲ့ တိမ်လိပ်တွေထဲမှာ...ရိပေါ် တစ်ယောက်...ဘာကြောင့်များ...ခုန်ပေါက်နေမိလဲမသိဘူး။

တိမ်တွေသာ ပြောတာပါ။

ထိလိုက်တိုင်း ခြေထောက်တွေက နာတယ်။

ဒါလည်း...သူပျော်ပျော်ကြီး ခုန်ပေါက်နေလွန်းလို့...ခြေဖဝါးတွေ ပွန်းပဲ့နေကုန်ပြီ။

အိထွေးနူးညံ့နေမယ် အရင်က..ထင်ခဲ့ဖူးတဲ့ တိမ်လိပ်တွေက အခု တကယ်တမ်း ထိတွေ့ကိုင်တွယ်ရတဲ့အခါမှာ...ကြမ်းတမ်း မာကျောလွန်းနေလိုက်တာ..။

သက်တန့်တွေတည်ရှိရာ..အရပ်ကို မှန်းဆရင်း ရှာဖွေနေမိတာမို့....ရူးလိုက်တာလို့..ကိုယ့်ဘာသာ မှတ်ချက်ပြုမိတယ်...။

စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေတတ်တာက...ဝမ်ရိပေါ်မှ ဟုတ်မနေခဲ့တာ...။

ပေါလိုက်တာ။

ခေါင်းကို အသားခါယမ်းရင်း...ဟိုးဝေးဝေးကို မျှော်ကြည့်တဲ့အခါ...မြင်လိုက်ရတာက...ကျန့်ကော။

သွားကြီးကြီးလေးတွေပေါ်အောင် ရယ်ပြရင်း လက်ဝှေ့ယမ်းပြနေတဲ့ ကောက...ကျနော့်ဆီ ဘာလို့များ လှမ်းမလာပါလိမ့်။

" လောင်ဝမ်...လာခဲ့"

ကောခေါ်ရာ ပြေးသွားပေမဲ့...ပြေးလိုက်တိုင်း ထပ်ခါ ထပ်ခါ ဝေးဝေးသွားတယ်။

" ကော..ကျနော်ကို မစပါနဲ့တော့"

ကြမ်းတမ်းလွန်းတဲ့ တိမ်သားတွေပေါ်မှာ ..ကောနောက် ပြေးလိုက်ရလွန်းလို့ ဖိနပ်မပါတဲ့ ခြေဖဝါးတွေက သွေးချင်းချင်း နီနေပြီ..။

နာကျင်လွန်းလို့...မျက်ရည်ပေါက်ပေါက် ကျတဲ့အထိ...ကောက ပတ်ပြေးလို့ကောင်းနေတုန်းတဲ့။

ရုတ်တရက်.....။

သူ့ရှေ့က Unicorn လို အရောင်စုံနေတဲ့..တိမ်စိုင်တစ်ခုပေါ်မှာ ကောက ပေါ်လာပြန်တယ်။

ဒီတစ်ခါတော့ နီးနီးကပ်ကပ်မို့...ကောလက်ကို လက်ဆွဲလိုက်တယ်။

ရင်ထဲ အေးကနဲ ခံစားချက်နဲ့ ဘယ်လောက်ထိ မြင့်မှန်းမသိတဲ့ အဲဒီ့တိမ်စိုင်တွေပေါ်က ပြုတ်ကျသွားရော...။

 BLACK HOLE ‼️(Complete)Where stories live. Discover now