34

4K 308 9
                                    

နံနက်ခင်း နေခြည်နွေးနွေးအောက်မှာ..အစောကြီးနိုးနေပြန်တဲ့ ရိပေါ်တစ်ယောက် ...ခြံထောင့်ရေကူးကန်ဘေးက စားပွဲပုလေးမှာထိုင်းရင်း..Ipadထဲက ဓါတ်ပုံတွေကို ပြန်ကြည့်နေမိတယ်။

ကောနဲ့ပတ်သက်လို့ ..သိမ်းထားခွင့်ရတဲ့ အမှတ်တရဆိုတာ သိပ်လည်း ရှိမနေပါဘူး..။

သူ....ပရမ်းပတာတွေ လိုက်ရိုက်ထားခဲ့မိတဲ့ snap ပုံတွေထဲမှာတောင် ချောမောခန့်ညား နေသေးတဲ့ အနည်းငယ်သောပုံလေးတွေကိုပဲ ကြည့်မဝစွာ ထပ်ခါထပ်ခါ ကြည့်နေမိတာ။

တခါတလေ မေ့ပြစ်ချင်တဲ့စိတ်က..အတွေးသက်သက်သာ ဖြစ်နေမှန်း ကိုယ့်ဘာသာ သိနေခဲ့တယ်..။

...အမှတ်မရှိစွာ..ခေါင်းထဲကထုတ်ပြစ်ဖို့..အစပျိုးလိုက်တိုင်း...ဒီလိုပဲ အရာရာဟာ အလွမ်းတွေနဲ့ ကျဲပြန့်ရတဲ့နေ့တွေချည်း။

ဟိုးအရင်လို...ရူးရူးမူးမူး..လွမ်းမနေရတော့တာကတော့...ရင်ဘတ်ကပဲ သွေးအေးသွားတာလား။

ကိုယ်တိုင်ကပဲ ရင့်ကျက်သွားတာလားမသဲကွဲပေမဲ့.....မရှိရင် မဖြစ်ပါဘူးဆိုတဲ့အတွေးဆိုးတွေကတော့ ဝေးဝေးပြေးကြပြီထင်ပါရဲ့။

ဒီနေ့ထိတော့ ရိပေါ်ရဲ့အလွမ်းခပ်အက်အက်တွေက ..တည်ငြိမ်လွန်းနေကြသေးတယ်။

လွမ်းတိုင်းကျကျ လာတတ်တဲ့ ပေါက်လွှတ်ပဲစား မျက်ရည်တွေကို မေ့ထားရင်ပေါ့။

" လွမ်း နေ တာ လား"

"........"

နောက်ဘက်က အသံကြောင့် လှည့်ကြည့်လိုက်တဲ့အခါမှာ...ဖြူလျော်ပိန်လှီစွာနဲ့ ခပ်မတ်မတ်ရပ်နေခဲ့တဲ့ ကျန့်ကော။

ဆံပင်နက်နက်တွေကို နောက်လှန်ဖီးထားပြီး...ရိတ်ထားကာစပုံပေါ်နေတဲ့....စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးလိုင်းတွေနဲ့ ...long coat အိပ်ကပ်ထဲ လက်တွေထည့်ကာ...ရပ်နေပုံက...ရိပေါ်မျက်စိလွဲဖို့တောင် မေ့နေမိတယ်...။

" ကော "

ကောက...ရိပေါ်အနားကို လျှောက်လာကာ....အအေးဒါဏ်ကြောင့် နီချင်နေတဲ့ သူ့ပါးတွေကို လက်နွေးနွေးနဲ့..ထွေးပွေ့ပေးတဲ့အထိ ရိပေါ်ဟာ အာစေးမိဆွံ့အနေမိတုန်းပဲ...။

 BLACK HOLE ‼️(Complete)Where stories live. Discover now